(၁) ပါးစပ်ကိုလဲအလိုမလိုက်နဲ့၊ ချစ်သူကိုလဲအပိုမကြိုက်နဲ့...တဲ့
ပါးစပ်ကိုအလိုလိုက်တော့တည့်တည့်မတည့်တည့် အစားကိုအကုန်စားရင်ရောဂါရလို့အသက်တိုတတ်
တယ်၊
ချစ်သူကိုအပိုကြိုက်ပြီး ရည်းစားနှစ်ယောက်ထားတော့နှစ်ယောက်ကြားမှာဗျာများပြီးသောကဖြစ်တတ်
တယ်၊
(၂)ပစ္စည်းဟောင်းတိုင်းလဲ မပစ်နဲ့၊ ရည်းစားကောင်းတိုင်းလဲ မရစ်နဲ့..တဲ့
ပစ္စည်းဟောင်းတိုင်း စွန့်ပစ်တော့ ရှေးဟောင်းပစ္စည်းတန်ဘိုးတက်ချိန် ဘာမှမရပဲဆုံးရှူံးတတ်တယ်၊
ရည်းစားကောင်းတိုင်း သဘောကောင်းတိုင်း စိတ်ဆိုး စိတ်ကောက်ရစ်နေရင်နောင်တစ်ချိန်သည်းမခံ
နိုင်လို့လမ်းခွဲခဲ့ရင်ဆုံးရှူံးတတ်တယ်၊
(၃) ဂျီတော့မှာလဲ စကားမရှုပ်နဲ့ ၊ ဘီယာဆိုပြီး သွားမလုပ်နဲ့..တဲ့
ဂျီတော့ထဲမှာ စကားရှုပ်လို့ အပေါင်းသင်းမိတ်ဆွေ အခင်မင်ပျက်တတ်တယ်၊
ဘီယာဆိုပြီး သွားသောက်တော့ လူကောင်းတွေက တမင်တကာရှောင်သွားတတ်တယ်၊
(၄)ကားအမောင်းလဲမကြမ်းနဲ့ ၊ ရည်းစားဟောင်းလဲမလွမ်းနဲ့...တဲ့
ကားအမောင်းကြမ်းတော့ ဘေးလူတွေကိုထိခိုက်တတ်တယ်၊ ပစ်ခွါသွားတဲ့ရည်းစားဟောင်းကိုလွမ်းနေ
ရင်တော့ရှေ့ရေးကိုထိခိုက်တတ်တယ်....တဲ့
မမှတ်ချင်ရင်ဟာသ၊ မှတ်ချင်ရင်ဗဟုသုတ ........ကိုခံစားရေးဖွဲ့မိပါသည်။
မောင်နေထွန်းလှိုင်(ပုသိမ်)
No comments:
Post a Comment