ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

.....ရာမရှင်းတမ်း.......

     ကျွန်ုပ် `၏ အမည်မှာရာမမင်းသားဖြစ်လေသည်။ ကျွန်ုပ်သည် ထာဝရအလင်းတန်းတစ်ခုအတွက်ရာမရှင်းတမ်း
.........ကိုရေးသားလိုက်ရပေသည်။ရာသီတွေလဲဟောင်းနှစ်တွေလဲအလီလီပြောင်းလဲခဲ့ပေမယ့်ကျွန်ုပ် ရင်ထဲ
တွင် ဘယ်သောအခါမှ ပြန်မပြောဖြစ်နိုင်ဘူးလို့ထင်ခဲ့ရသောနှလုံးသားမှတ်တမ်းတစ်ခုကိုပြန်ပြောချင်၍လဲဖြစ်ပါ
သည်။ထိုမှတ်တမ်းတွင် ၀မ်းသာစရာ၊၀မ်းနည်းစရာ၊ကြည်နူးစရာ၊အားကျစရာ၊လေးစားစရာစသောခံစားမှု့ရသ
များလဲစုံလင်လှပေသည်။ ကျွန်ုပ်သည် ထိုမှတ်တမ်းအား မည်သူတစ်ဦးတစ်ယောက်မျှမမြင်တွေ့နိုင်အောင်ဟန်
ဆောင်အပြုံးတစ်စနဲ့ဖုံးအုပ်ထားခဲ့ပေမယ့်လဲ.. ဒဿရဲ့ရင်ဖွင့်သံများ၊သီတာဒေ၀ီရဲ့ရင်ဖွင့်သံများ၊လက္ခဏ ရဲ့ရင်


ဖွင့်သံများကိုကြားရလေသောအခါ .........ပြောရမည်ဖြစ်သောကျွန်ုပ်`၏ရင်ဖွင့်သံများကိုလဲပြောပြချင်လေ
သည်။ နုတ်ခမ်းထက်တရွရွပြေးထွက်လာကြသော စကားလုံးတို့`၏ ခုန်ပေါက်မှု့ဒဏ်ကိုလဲမခံနိုင်လွန်းလှစွာ နှစ်
ပေါင်းကြာရှည်မျိုသိပ်ခဲ့ရသော စကားတို့အား အောက်ပါအတိုင်းပြောပြမိလေသည်။ကျွန်ုပ်နှင့်ညီတော်လက္ခဏ
တို့သည် သီတာဒေ၀ီ မင်းသမီးလေးရဲ့လေးတင်ပွဲမှာ  စာရင်းပေးသွင်းပါဝင်ထားခြင်းမရှိပါဘူး၊စာရင်းမပါအင်းဗ
လာဆိုတော့လဲ ညီနောင်နှစ်ပါး၊စိတ်လက်ချမ်းသာ လေးတင်ပွဲကိုကြည့်ရှု့ကြတယ်ပေါ့၊ဖြစ်ချင်တော့ စကား
သာအားကြီးပြီးလူကအားနည်းလွန်းလှတဲ့မင်းသားတွေဖြစ်အင်ကြောင့်လေးတော်ကိုပင်မနိုင် ဒယိမ်းဒယိုင်နဲ့ဖြစ်
နေပုံများ ရယ်ပွဲဖွဲ့ကောင်းတုန်း မထင်တဲ့ကောင်းကင်ခရီးက ယာဉ်ပျံတစ်စီးဆင်းလာပါတယ်၊ဆင်းလာတဲ့ယာဉ်ပျံ
မှာ  အများမြင်တွေ့ဘူးကျတဲ့ ဒဿ ဆိုတဲ့ ဘီလူးမင်းသားစီးနင်းပါလါတယ်၊တိုတိုပဲပြောရရင်..ဟိတ်ဟန်တစ်
လုံးနဲ့စကားသံအဆုံးမှာဒဿကလေးတော်ကိုမလိုက်တယ်၊ဟယ် ..ဆိုတဲ့အသံတွေညံ့စီအောင်ထွက်သွားပေမယ့်၊
အို.... ဆိုတဲ့စိုးရိမ်သံထိတ်လန့်သံ တစ်ခု ကျွန်ုပ်နားကတဆင့်နှလုံးသားကကြားလိုက်တယ်၊ နှလုံးသားရဲ့စေညွန်
ရာ မျက်ဝန်းတို့နဲ့ကျွန်ုပ် ကြည့်လိုက်မိစဉ်တစ်ခဏတွင် သံသရာတစ်ခုက အဖန်ဖန်အခါခါတောင်းခဲ့တဲ့ဆုကြောင့်
လား..၊မြင်မြင်ခြင်း သီတာကိုချစ်မိသွားတယ်၊ဒဿကိုကြည့်ပြီးသီတာရဲ့စိုးရိမ်ပုံလေး၊ကြောက်ရွံ့နေပုံလေးတွေက
ကျွန်ုပ်ကိုရှေ့တိုး ဖို့တွန်းအားတစ်ခုဖြစ်စေခဲ့တယ်၊ယောက်ကျားတို့ရဲ့ စိတ်ဘ၀င်လဲဖြစ်ချင်ဖြစ်မှာပေါ့၊ဘယ်သူမှ
မနိုင်တဲ့လေးတော်ဘီလူးမင်းသားမ နိုင်ပြီ၊ ကံထူးတာလားကံရှူးသွားတာလားဘီလူးမင်းသား လေးတော်ကိုတော့
ဆက်မတင်နိုင်လေးညှို့ကိုလဲမစွဲနိုင် အားယိုင်လုလုဖြစ်နေချိန်မှာ နုတ်ထွက်စကားကြမ်းနဲ့ရုတ်တရက် စကားရမ်း
လာတယ်။ အသုံးတော်မကျတဲ့ဟောဒီမင်းသားတွေနဲ့ယှဉ်ရင် ငါ့ကိုယ်တော် တောင်ဆယ်လုံးကိုပိုင်ဆိုင်တဲ့ဒဿ
ဘီလူးမင်းက  မယ်သီတာပိုင်ဆိုင်နိုင်တယ်တဲ့၊ အတင်းအားဓမ္မ တောင်းဆိုမှု့တွေစလာတော့ စည်းကမ်းမညီ
လေးတော်ကိုအပြီးမတင်နိုင်ပဲ၊ လူသားကြားလာလူသားတွေကိုအော် စော်ကားတဲ့ဘီလူး မင်းရင်ကိုမြှားစူးစေရ
မယ်ဆိုပြီး ၊ ဘရသေ့ထံမှာခွင့်တောင်း ကျွန်ုပ် ကောင်းကောင်းကြီးပညာပြလိုက်တယ်၊ လေးတော်ကိုတင်လေး
ညှို့ကိုစွဲ ဒဿရဲ့နှလုံးထဲ မြှားဝဲဖို့ချိန်လိုက်တဲ့အချိန်မှာ ကသောကမျော နဲ့ ယာဉ်ပျံကိုစီး၊လာခရီးပြန်ပြေးသွားခဲ့
တယ်၊သူအပြေးမှာပဲ ကျွန်ုပ်အတွေးဝင်လာတယ်၊ ချစ်လို့မိုက်တာလား၊မိုက်လို့ချစ်တာလားပေါ့၊ဒီအချိန်မှာသီတာ
က ကျေနပ်တဲ့အပြုံးတွေနဲ့ကျွန်ုပ်ကို လှမ်းကြည့်နေတယ်၊ ရှေ့ဆက်ပြောရရင် အချစ်ကြီးတဲ့ဒဿ ထုံးစံအတိုင်း
မယ်သီတာကိုသူ့တိုင်းပြည်ခိုးပြေးတယ်။ကျွန်ုပ်တို့ညီနောင်ကလိုက်ကယ်တယ်၊ဒဿတိုင်းပြည်ပျက်စီးတယ်၊ဒဿ
လဲသေ၊ပွဲလေကြေပြောရအောင် ဒုက္ခမျိုးစုံရောက်ရတယ်၊နောက်ဆုံးမယ်သီတာကိုပြန်ခေါ်လာတယ်၊နန်းသိမ်းပွဲ
တက်အောင်ပွဲခံခဲ့တယ်၊ဒါပေမယ့် ..ဒါပေမယ့် ..လို့ ကျွန်ုပ်ရာမ မင်းသား မလေးစားပဲမနေနိုင်တာကဒဿရဲ့
အချစ်၊  ကျွန်ုပ်နိုင်တယ်ထင်ခဲ့တဲ့ပွဲမှာ ကျွန်ုပ် ရှုံးခဲ့ပါတယ်၊ ဘာဖြစ်လို့လဲဆိုရင် လူသားဆိုတဲ့ကျွန်ုပ်တို့ကအချစ်
ကိုတောင်းခံရာမှာ နုးညံ့စွာတောင်းခံချင်တယ်၊ နုးညံ့သိမ်မွေ့မှု့ နဲ့အချစ်ကိုပျော်စေတယ်၊ အဆိုးဆုံးကစဉ်းစား
တတ်တဲ့အတွေးအခေါ်   ဖြစ်ချင်တာလား၊ဖြစ်သင့်တာလား ဆိုတဲ့စည်းမျည်း တစ်ခု ၊ ကျွန်ုပ်သာ ဒဿနေရာ
မှာဆိုရင်  သမိုင်းတွင်ချင်မှလဲတွင်မယ်  ၊ အများမြင်ချင်မှလဲမြင်မယ်၊ ဟုတ်တယ်လေ ကျွန်ုပ်သာဒဿဖြစ်ကြည့်
ပါလား.... ငါဟာဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးရမယ်၊ သီတာကိုမှမရရင် အသက်သေနိုင်ပေမယ့်
ငါ့နိုင်ငံ ငါ့လူမျိုးတွေအတွက် ငါ့တိုင်းပြည်တော့အပျက်စီးမခံနိုင်ဘူး၊ ငါနှလုံးသားတစ်ခုလုံးမီးဟုန်းဟုန်းတောက်
ပါစေ၊ ဖြေတတ်အောင်ဖြေမယ်။နေတတ်အောင်နေမယ်ဆိုပြီး  ယောက်ကျားကောင်းတို့နှလုံးလားယောက်ကျား
ကောင်းတို့စံ လားမသိပဲတိုင်းတာနေမိမှာပါ၊အခုတော့ ဒဿဆိုတဲ့ ဇတ်ရုပ်က အချစ်မှအချစ်၊ ဖြစ်ချင်ရာဖြစ်
တိုင်းပြည်ပျက်လဲ ဂရုမစိုက် ချစ်သူအတွက်ဆက်မိုက်မယ်ဆိုပြီး စွန့်လွတ်ရဲသွားတာများ၊စွန့်စားရဲသွားတာများ
ပြန်တွေးမိတဲ့ကျွန်ုပ် ကြက်သီးမွေးညှင်းများတောင်ထမိပါတယ်။နောက်ဆုံးအချိန်မှာကျွန်ုပ်လက်နဲ့ သူကိုရက်စက်
လိုက်ရပေမယ့် ၊လေးစားတဲ့စိတ်၊အားကျမိတဲ့အချစ်ကြောင့် လှိုက်ခနဲ့တက်လာနှလုံးသားခံစားချက်ကိုကျွန်ုပ်
အပြုံးတစနဲ့ကဗျာကရာ ဖုံးကွယ်ခဲ့ရပါတယ်၊ တကယ်တော့အချစ်ခြင်းပြိုင်ရင်ကျွန်ုပ်ဘယ်လိုမှမယှဉ်နိုင်ပါဘူး၊ဒါဆို
ကျွန်ုပ် သီတာကိုမချစ်လို့လား၊မဟုတ်ပါဘူး ချစ်ပါတယ် ရင်ကွဲမတတ်ချစ်ပါတယ်၊မကြင်နာချင်လို့လားမဟုတ်ပါ
ဘူး ရင်မှာ ကြင်နာမှု့နဲ့သီတာမှသီတာပါ၊ တကယ်တော့အားပြိုင်ကျတဲ့ပွဲမှာကျွန်ုပ်ကကံအလေးသာလို့သီတာကို
ရတယ်ဆိုတာ အချိန်ကြာညောင်းနှစ်တွေအလီလီပြောင်းမှကျွန်ုပ်သိခဲ့ရတယ်၊ မပစ်ချင်ပေမယ့်ပစ်ခဲ့ရတဲ့မြှား
ဒဿရင်ကိုစူးဒဿသဲဦးခြွေခဲ့ပေမယ့် ၊တိတ်တဆိတ် ကျွန်ုပ်ရင်မှာဒဿသင်ဟာထာဝရအချစ်သူရဲကောင်းပါလို့
အလင်းတန်းတစ်ခုအတွက်  ရာမရှင်းတမ်းဆိုပြီးရေးသားခဲ့ပါတယ်၊ သင်သည်နောင်ဖြစ်လေသော...........
ဘ၀များစွာမှာ ချစ်သောချစ်သူနဲ့  ရွှေလက်တွဲချစ်ပွဲဝင်နိုင်ပါစေလို့လဲ ဆုမွန်ခြွေရင်း၊ သမိုင်းအကြွေးကိုရက်စွဲရွေး
၍ဖြေရှင်းလိုက်ပါသည်။
                                 ရာမမင်းသားရှင်းတမ်းအားခံစားမှု့ဖြင့်ရေးဖွဲ့ပါသည်။
                                                                                   မောင်နေထွန်းလှိုင်(ပုသိမ်)
စာရေးသူ`၏အမှာစာ  ..စာရေးသူကျွန်တော်သည် အပျံသင်စငှက်ငယ်တစ်ကောင်ပါ၊ ကလောင်လက်သစ်
ဆိုတော့  ခံစားမှု့သွေးဆူနေလို့လားမသိပါဘူး၊ ရာမမင်းသားရှင်းတမ်းလေးကို ရာမနေရာမှခံစားပြီး အချစ်
လူဆိုးကြီး ဒဿကြောင့် ရာမ၊လက္ခဏ၊သီတာဒေ၀ီ၊ဆိုတဲ့အချစ်ဇတ်လမ်းကြီးပေါ်လာတယ်လို့ခံစားမိလိုပါ၊
စာအရေးသါးကတော့ပညာသင်လေးဖြစ်နေလို့  လွဲချော်တိမ်းစောင်းခဲ့ရင်၊ရသမပေါ်လွင်ခဲ့ရင် ကျွန်တော်စာရေး
သူသာအပြစ်ရှိသူဖြစ်ပါတယ်လို့ဝန်ခံရင်း..မိတ်ဆွေသူငယ်ချင်းများကိုလေးစားစွာဖြင့်....အားပေးမှု့ကိုကျေးဇူး
တင်စွာ......

No comments:

Post a Comment