သံယောဇဉ် တွေကို မ...သိချင်မှာသိမှာပါ၊တကယ်တော့လဲ မ..ကိုစတွေ့တဲ့နေ့ကတည်းက ရူးမိုက်စွာ
မောင် ချစ်ခဲ့မိတာပါ၊ ဆံကေသာအရှည်ကြီးနဲ့ မြန်မာဆန်ဆန်လှနေတဲ့ မ၊ ပြီးပြည့်စုံတဲ့အလှတွေနဲ့
ရှိခဲ့တဲ့ မ ၊ပြည့်စုံတဲ့အသိုင်းအ၀ိုင်းကမွေးဖွားလာတဲ့ မ၊ အမှတ်တမဲ့တွေကို အမှတ်တရအဖြစ်ဖန်
ဆင်းနိုင်တဲ့ မ ကမှတ်မိချင်မှမှတ်မိမှာပါ၊ မောင် ကတော့ ချစ်မိတဲ့သူမို့လား အမြဲတမ်းမှတ်မိနေပါတယ်၊
မ နဲ့ မောင် က ညနေခင်းအိမ် အပြန်လမ်းမှာ အမှတ်တမဲ့ စတင်ဆုံတယ်၊မ ကပြည့်စုံ
တဲ့ သူဆိုပေမယ့် ကျန်းမာရေးဆိုပြီးညနေတိုင်းလမ်းလျှောက်တယ်၊ မောင် က ၀မ်းစာရေးအတွက်
အလုပ်သွားပြီးပြန်လာတယ်၊ အဲဒီနေ့က လမ်းလျှောက်နေရင်း မ ခြေထောက်ခေါက်လဲတယ်၊ပတ်ဝန်း
ကျင်မှာ မောင်ကလွဲပြီး ဘယ်သူမှမရှိတဲ့အချိန် အလိုက်တသိ မောင် အပြေးလေးသွားပြီ မ ကိုထူပေး
လိုက်တယ်၊ မ ကကျေးဇူးတင်တဲ့ မျက်ဝန်းတွေ နဲ့ မောင့်ကိုကျေးဇူးတင်စကားပြောတယ်၊အိမ်ပြန်မယ်ဆို
ပြီးလမ်းလျှောက်ကြည့်တော့ ခြေထောက်ကနာနေတယ်၊ကံကောင်းချင်တော့ ဆိုက္ကားတစ်စီးအနားရောက်
လာတယ်၊ မ ကို ဆိုက္ကားပေါ်တင်ပေးလိုက်တယ်၊
အဲဒီနေ့ကစပြီး မောင်နဲ့ မ ညနေခင်းမှ လမ်းလျှောက်ရင်းဆုံတယ်၊ မ ကလဲစာပေ၀ါ
သနာပါတဲ့သူ၊မောင်ကလဲ စာဖတ်ဝါသနာပါတဲ့သူ၊ အသွင်တူလို့ စကားတွေကပြောလို့လဲကောင်းတယ်
မရဲ့အမည်အပြည့်အစုံက မိုးမမ တဲ့ ၊ မောင် ရဲ့အမည် က မောင် တစ်လုံးတည်းဆိုတော့ မ ကရယ်မော
သံလေးနဲ့ တော်ပြီလားကွယ်တဲ့၊ မ ဘာကိုရည်ညွန်းမှန်းမောင်သိလိုက်ပါတယ်၊
နေ့တိုင်းတွေ့နေ့တိုင်းမြင် နေ့တိုင်းစကားပြောခွင့်ရပေမယ့်၊ မ ကိုမောင်ပိုင်ဆိုင်ချင်
တယ် ၊ မောင် ရဲ့ မဖုံးဖိနိုင်တဲ့ အချစ်မျက်ဝန်းတွေကို မ လဲသတိထားမိတယ် ထင်ပါ့၊ မောင် နဲ့စကားပြော
တိုင်း ခေါင်းလေးငုံ့ငုံသွားတယ်၊ မောင် မနက်ဖြန် မ မွေးနေ့သိလား၊ဘုရားသွားချင်တယ် မောင်လိုက်ပို့
နော်တဲ့၊လိုက်ပို့လို့သာပြောတာပါ၊ မောင့် ကိုဘုရားပေါ်က ကြိုစောင့်ခိုင်းပြီး မ ကဘုရားကိုလာခဲ့မယ်တဲ့၊
မောင် ပျော်လိုက်တာ မနက်ဖြန် ဘုရားမှာ မ ကို ချစ်တယ်ဖွင့်ပြောမယ်စိတ်ကူးလိုက်တယ်၊မွေးနေ့လက်
ဆောင်လေးပေါ့ မရယ်၊
အပျော်တစ်ဝက်မျှော်တစ်ဝက် နဲ့ ဘုရားမှာ အစောကြီးရောက်နေခဲ့တယ်၊မ ဘုရားပေါ်
တက်လာတော့ မြင်ကွင်းက အံ့အားသင့်စရာဖြစ်ခဲ့တယ်၊ မ ဘေးမှာ ဂုဏ်သရေရှိလူကြီးလူကောင်းတစ်
ယောက် အရာရှိတစ်ယောက်မှန်းသိသာလွန်းတဲ့ ထိုလူကြီးနဲ့ မ မောင့်ကိုမိတ်ဆက်ပေးတယ်၊ ကိုကို ...တဲ့
မ...ပြောတဲ့ မောင် ဆိုတဲ့ ချာတိတ်လေ တဲ့၊ မောင်လေး မှတ်ထားနော် ဒါမမချစ်သူ ကိုကိုချစ်တဲ့၊ အပြုံး
လှိုင်းတွေနဲ့ မမ က မရပ်မနားပြောပေမယ့်၊ ပြန်ပြုံး ပြတဲ့မောင့်အပြုံးတွေက ပီမှပီပြင်ပါ့မလား မ ရယ်၊
တွေ့ရတာဝမ်းသာပါတယ်ဆိုတဲ့ စကားတစ်ခွန်း နဲ့ လက်ဆွဲနုတ်ဆက်ကြပေမယ့်၊ ကိုကိုချစ်လက်ထဲမှာ
မောင့် အသဲနှလုံး ခြေမွသလိုခံစားလိုက်တယ်၊ ကြိုတင်ပြင်ဆင်ခွင့် မရလိုက်တဲ့မောင် ဟန်ဆောင်ပြုံး
နဲ့ နှစ်ယောက်စလုံးကိုနုတ်ဆက်ပြီး အလွမ်းစတဲ့ခြေလှမ်းတွေနဲ့ မောင် အိမ်ကိုပြန်ခဲ့ပါတယ်မရယ်.....
မောင့်အချစ်ကို မသိလို့လား သိလို့လား၊ စဉ်းစားရင်းနဲ့ပေါ့။
ခံစားမှု့စာစုလေးကိုခံစားရေးဖွဲ့မိပါသည်။
မောင်နေထွန်းလှိုင်(ပုသိမ်)
No comments:
Post a Comment