ငါ့၏ချစ်သစ္စာကို၊
ရေမှာပဲရေးရေး၊
မြေမှာပဲရေးရေး၊
လေမှာပဲရေးရေး၊
နှလုံးသွေးနဲ့ရေးတဲ့အတွက်၊
နင်ဖျက်လို့မရပါဘူးကွယ်။
ချစ်သူ....
ငါမသိအောင် ၊
အမုန်းလက်နဲ့သစ္စာကိုနင်ဖျက်ရင်လဲ၊
လက်ဖနောင့်မှာပဲ တံတွေးဆွတ်ဖျက်ဖျက်၊
ကော်ရက်ရှင် ပဲ သုံးသုံး၊
နောက်ဆုံးနေ့ရက်တွေထိ၊
နင်ဖျက်လို့မရပါဘူးကွယ်။
ချစ်သူ....
အမုန်းကိုသုံးချင်လို့၊
အကြင်နာကိုဆုံးချင်လို့၊
အရာရာအားလုံး၊
နင်ကနိဂုံးချုပ်ချင်တယ်ဆိုခဲ့ရင်တော့၊
ငါသစ္စာ ဆိုပါ့မယ်၊ နင်တကယ်မချစ်ရင် ၊
နင် ဖျက်လို့မရတဲ့ ငါ့သစ္စာ အလိုလိုပျက်ပြယ်သွားပါပြီကွာ။ ။
မောင်နေထွန်းလှိုင်(ပုသိမ်)
ကဗျာလေးကိုခံစားရေးဖွဲ့မိပါသည်။
No comments:
Post a Comment