ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Thursday, April 11, 2013

မှားတတ်ပါပေ့ ဘကြီးရယ် (ဟာသ)


 စတိုးဆိုင်ကြီးတစ်ဆိုင်   ….. ဆိုင်ကြီးဆိုတော့လိုတာအကုန်ရတာပေါ့ဗျာ…….နာမည်ကြီးဆိုင် တစ်ဆိုင်ပေါ့ … ကြိုက်တာဝယ် အကုန်ရတယ်…..လိုတာသာပြော အကုန်ရှိတယ်…..တခုခက် တာက ဆိုင်ပိုင်ရှင်ဦးလေးကြီးက နားကအရမ်းလေးတယ်ဗျာ…တနေ့တနေ့ သူနားလေးတာက ပြသနာ တစ်ခုမဟုတ်တစ်ခု တက်နေတော့တာပါဘဲဗျာ.. တော်တော်လေးလည်းစိတ်ပျက် စရာတစ်ခုပါဘဲ….ကဲဒီလောက်ဆိုရင်တော့ လိုရင်းကိုတော့ဆက်ပြောသင့်နေပြီထင်ပါရဲ့  ..
ခပ်စွာစွာကောင်မလေးတယောက် ကလည်းမနက်ကမှ သူမျက်မှန်ကသူ တက်နင်းလိုက်မိတာ့ ကျိုးသွားတယ်လေ….သူကလည်း ပါဝါသမားဆိုတော့ မျက်မှန်မရှိတော့ မမြင်ရ အဲ့တော့မျက်မှန်လိုတာပေါ့….မြို့ထဲလည်းမသွားနိုင် ဆေးခန်းပြချိန်လည်းမရှိတော့ နီးစပ်ရာဆိုင်ကြီးကိုပြေးရတော့တာပေါ့….
ဆိုင်ကိုလည်းရောက်ရောကောင်မလေးက……..


ကောင်မလေး။         ။ ”ဘကြီးမျက်မှန်အ၀ိုင်းလေးတွေရှိလား“ဟုလက်ကလေးဝိုင်း
ကာမေးလိုက်သည်။
ဘကြီး         ။         ။ “ရှိတာပေါ့တူမလေးရဲ့ရောင်စုံရှိတယ် လိုတာသာပြော ဆိုပြီး
မိန်ကလေးအတွင်းခအင်္ကျီတွေထုတ်ပြတယ်လေ“
ကောင်မလေးကလည်း……
ကောင်မလေး။         ။ “ဟုတ်ဘူးလေး သမီပြောတာအဲ့တာဟုတ်ဘူးလေမျက်မှန်ကိုပြောတာဘကြီးရ”
ဘကြီး         ။         ။ “တူမလေးကလည်း ဘကြီးသိပါတယ်  အဲတာတူမလေးတိုနဲ့အတော်ဘဲလေ တူမလေးတိုအရွယ်ဝတ်လေ”
ကောင်မလေးက မဟုတ်ဘူးလိုလက်ခါပြတယ်
ဘကြီး         ။         ။ “ အော်တူမလေးကလည်း မတော်မှာစိုးလို့လား ၀တ်ကြည့်လိုက်လေ”
ကောင်မလေးကတော်တော်လေးရှက်နေပါပြီ မျက်နှာလေးကိုရဲရဲနီလို့
ဘာလို့လည်းဆိုတော့ အနားမှာကောင်လေးတွေလည်း ဈေးဝယ်နေကြတယ်လေ ကျွန်တော်လည်းပါတာပေါ့….
ကောင်မလေး။         ။ “ဘကြီးကလည်းဘာတွေပြောနေတာလည်း မျက်မှန်ကိုဝယ်ချင်တာရှင့် အဲ့တာတွေမလိုဘူး အများကြီးရှိတယ်…”
ဘကြီး         ။         ။“ အော်သိပြီ ပိုက်ဆံမလောက်လို့လား ရပါတယ်ယူသွားပါ အချင်းချင်းတွေဘဲလေ တူမလေးအမေတောင်မနေ့က ၀ယ်သွားသေးတယ်……”
ကောင်မလေး။         ။ “အာ ဘာကြီးနှော် သမီရှက်လာပြီ ဘာတွေပြောနေတာလည်း”
ကျွန်တော်လည်းမနေနိုင်တော့ဝင်ပြောလိုက်တယ်…..
ကောင်လေး  ။         ။ “ဘကြီး အဲ့တာတွေပြောတာမဟုတ်ဘူးဗျ”
ဘကြီး         ။         ။ “တူလေးရယ် မင်းကောင်မလေးကတော့ခက်ပါရဲ့ သူနဲ့တော်တာ မင်းဘဲရွေးပေးလိုက်ပါကွာ…”..
လုပ်ပါဦးဗျို့  ၀င်ကူညီမှပိုဆိုးနေပြီး ကောင်မလေးလည်း တော်တော်လေး ရှက်နေပါပြီ
ကောင်မလေး။         ။ “သမီးနဲ့သူကဘာမှမဆိုင်ဘူး”
ဘကြီး         ။         ။ ”တူုလေကလည်း သိအောင်လုပ်ထားပေါ့ကွ ဒါမှလည်း တယောက်နဲ့တယောက် အဆင်ပြေမှာပေါ့ကွ”
ကောင်လေး  ။         ။ ”ဘကြီးကလည်း တော်တော်ခက်ပါလား နားလေးတယ်နဲ့တူတယ်“
ဘကြီး         ။         ။ ”အံမာငါကိုများနားလေးတယ်တဲ့ မလေးပါဘူးမောင်”
ကောင်လေး  ။         ။ ”ဒါကြတော့ကြားတယ် တိုးတိုးလေးပြောတာတောင်”
ကောင်မလေး။         ။“ တော်ပြီ မ၀ယ်တော့ဘူး..ဘာကြီးမှန်လည်းမသိဘူး ဟွန်းးးးး။“
ကောင်မလေးလည်း စိတ်ဆိုးပြီး ပြန်သွားပါလေရော အဲ့အချိန်မှာဘကြီးကအနားကကောင်လေးတွေကိုပြောလိုက်ပုံက……
ဘကြီး            ။          ။ ”ခုခေတ်ကလေးတွေများ နားမလည်နိုင်အောင်ပါလားဘကြီးတို့ငယ်ငယ်ကဆို အမေကြီး ဘာဝတ်ချင်လည်း အားလုံးကို သိအောင်လုပ်ထားတော့ ခုလိုမျိုးချစ်သူစိတ်ဆိုးတာမခံရတော့ဘူးပေါ့ မင်းတိုတွေလည်းမှတ်ထားကြ ခုခေတ်မှအားလုံးသိထားမှတော်ရာကြမယ်ဟေ…တဲ့”
ဘ၀အမောတွေပြေပျောက်နိုင်ပါစေ....ဟာသတော့ဖြစ်ချင်မှဖြစ်မှာပါ ဘာလို့လည်းဆိုတော့ စိတ်ကူးနဲ့ရေးမိလို့ပါ
ကျေးဇူးတင်လျှက်
                   လမင်းမောင်(ပုသိမ်)

No comments:

Post a Comment