ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

အသက်(၂၀)ခပ်ချောချော ကောင်မလေးတစ်ယောက် ခရုသင်း၊သမင်ဖြူရောဂါ ဖြစ်နေသည်

                 
                     လွန်ခဲ့သော  ၂၀၁၀နှစ်ရဲ့  ဇန်န၀ါရီလ  ၁၂ ရက်နေ့မှာ     ကျွန်တော် မောင်နေထွန်းလှိုင်
သည် ပုသိမ်မြို့ မှ   လူငယ်သမားတော်  ဟု ခေါ်ဆိုခြင်းခံရသော မြန်မာ့တိုင်းရင်းသမားတော်လေး  နှင့်
ကြံခင်းမြို့ သို့  လိုက်ပါသွားခဲ့ပါသည်။ ကျွန်တော် တို့သွားရခြင်းအကြောင်းကား အသက်(၂၀) အရွယ်မိန်း
ကလေးတစ်ဦး ခရုသင်း သမင်ဖြူ ဖြစ်၍ လူကြားထဲ မတိုးရဲ မသွားရဲသော ရောဂါအား ဆေးကုသရန်လာ
ရောက်ပင့်ဆောင်ခြင်းကြောင့် လိုက်ပါသွားရောက်ခြင်းဖြစ်ပါသည်။ လူငယ်သမားတော်မှ ထိုလူနာရှင်မိန်း
ကလေးအားဆေးကုပေးမှာဖြစ်ပြီး၊ ကျွန်တော် မှာ တိုင်းရင်းဆေးဗဟုသုတ ရရန် အဖေါ်အဖြစ်လိုက်ပါခဲ့ခြင်း
ဖြစ်ပါသည်။
                         လူငယ်သမားတော်လေးသည် ကြံခင်းမြို့သို့ရောက်သောအခါ လူနာရှင်မိန်းကလေး`၏
ဝေဒနာများကို သေချာစမ်းသပ်ကြည့်သောအခါ ခရုသင်း၊ သမင်ဖြူ ရောဂါ မှန်ကန်ကြောင်းစစ်ဆေးတွေ့ရှိ
ရသည်။ လူနာမိန်းကလေးမှာလဲ  ရောဂါအား စိတ်ပျက်အားငယ်ခြင်းများနှင့် ငိုထားပုံရသည်ကိုတွေ့ရသည်။
လူနာရှင်များ`၏ပြောပြချက်မှာ ဖြစ်စတွင်  ရန်ကုန်မြို့နှင့်ပြည်မြို့များတွင်  အထူးကုဆရာဝန်ကြီးများနှင့်သွား
ရောက်ပြသခဲ့သော်လဲ ကလေးမ`၏ ကံကြောင့်ထင်သည် ရောဂါမှာ မပျောက်ပဲ ပိုပိုဆိုးလာကာ  ယခုကဲ့သို့
အိမ်ထဲက အိမ်ပြင်မထွက်ရဲအောင် တကိုယ်လုံး  ခရုသင်း
သမင်ဖြူများပျံ့နှံသွားကြောင်း ပြောပြကြလေသည်။

                        လူငယ်သမားတော်လေးမှ  လူနာရှင်မိန်းကလေးအား  စိတ်ပျက်အားငယ်ခြင်း မဖြစ်ပါနဲ့
ဓါတ်စာလဲစား၊လိမ်းဆေးလဲမှန်မှန်လိမ်းရင်  ပျောက်ကင်းပါသည်ဆိုသည့်အကြောင်းအားပေးစကားပြောပြီး
အောက်ပါအတိုင်း  ဆေးညွှန်းပေးခဲ့လေသည်။ လိမ်းဆေးမှာ     ခရုသင်းသမင်ဖြူ အကွက်များကိုလိမ်းရ
မည်ဖြစ်သောလိမ်းဆေးမှာ   သံလွင်ဆီ နဲ့ ဂျုံ မှုန့်သန့်သန့် ကိုခပ်ပျစ်ပျစ်လေး ရောဖျော်ကာလိမ်းရမည်ဖြစ်
ပြီး၊လိမ်းရန်အချိန်မှာ မနက်တစ်ကြိမ် ညတစ်ကြိမ် တစ်နေ့နှစ်ကြိမ်လိမ်းရမှာဖြစ်ပါသည်။စားရန်ဓါတ်စာက
တော့  မုံလာဥနီ၊ ဟင်းနုနွယ်၊ ကြက်ဥပြုတ်၊ ဘူးညွန့် ၊ဘူးသီးစသောဓါတ်စာများကိုစားဖို့ပြောခဲ့ပါသည်။
                         အပူအစပ်များ၊ အမဲသား၊၀က်သား၊ဘဲသား၊ငါးချဉ်၊ပုဇွန်ချဉ်များ အညှီများသောအစာများ
မစားရန်ရှောင်ရန်သတိပေးခဲ့ပါသည်။လူနာရှင်မိန်းကလေး`၏ရောဂါသည် (၁၁) နှစ်သမီးမှာစတင်ဖြစ်ခဲ့တဲ့
အတွက် ယခုအသက် (၂၀)ဆိုလျင်    ရောဂါဖြစ်ချိန်(၉)နှစ်ခန့်ကြာခဲ့ပြီဖြစ်၍ လိမ်းဆေးနှင့်ဓါတ်စာများကို
တစ်နှစ်ခန့်စားသောက်ရမည်ဟုလဲမှာကြားခဲ့ပါသည်။ထိုသို့သော ကုထုံးများကို လူငယ်သမားတော်မှပေးခဲ့
ပြီး   ၂၀၁၁ ခုနှစ် ဖေဖေါ်ဝါရီလ  (၂၀) ရက်နေ့တွင်  လူနာရှင်မိန်းကလေးသည်  ကျွန်တော်တို့ရှိရာပုသိမ်မြို့
သို့လာရောက်၍ လူငယ်သမားတော်အား  ဒေသထွက်လက်ဆောင်ပစ္စည်းများနှင့်လာရောက်ကန်တော့လေ
သည်။ကျွန်တော်သည် ထိုမိန်းကလေးကို မြင်လိုက်သောအခါ အရမ်းအံ့သြသွားရပါသည်။ အဘယ်ကြောင့်
ဆိုသော် သူမ`၏  ဝေဒနာဖြစ်သော ခရုသင်းသမင်ဖြူ  ရောဂါများပျောက်ကင်းသွားသောကြောင့်ဖြစ်ပါသည်။
                         သူမမှာလဲ  ရောဂါပျောက်၍ ပျော်ရွှင် နေလေသည်ကိုမြင်ရသောအခါ သူမကဲ့သို့ဤ
ရောဂါမျိုးဖြစ်၍ စိတ်ပျက်နေသောဝေဒနာသည်များရှိလျင် အဆိုပါ လိမ်းဆေး ဓါတ်စာများစားသုံးလျင်တကယ်
ပျောက်ကင်းပါကြောင်း  စေတနာဖြင့်  အသိပေးအပ်ပါသည်။(သံလွင် ဆီ  မှာ ခေါင်းလိမ်းဆီအဖြစ်အသုံးပြု
သော သံလွင်ဆီဖြစ်ပြီး၊ ဂျုံ မှုန့်သန့်သန့်မှာလဲ မုန့်လုပ်သော ဂျုံမှုန့်သန့်သန့်သာဖြစ်ပါသည်။)လူငယ်သမား
တော်သည်  နိုင်ငံတော်မှ အသိမှတ်ပြု တိုင်းရင်ဆေး၊ တ.ဆ လက်မှတ်ရထားသူဖြစ်ပါသည်။ယခုဗဟုသုတ
ဆောင်းပါးလေးအားလဲ လူငယ်သမားတော်`၏ ခွင့်ပြုချက်ဖြင့်ရေးသားဖေါ်ပြခြင်းဖြစ်ပါသည်။ လူနာရှင်မိန်း
ကလေး အမည် အား  မဖေါ်ပြခြင်းကိုတော့နားလည်ခွင့်လွတ်ပေးစေချင်ပါသည်။  ခရုသင်းသမင်ဖြူ ဖြစ်သော
ရောဂါသည်များ  အမြန်ဆုံးရောဂါများပျောက်ကင်း`၍ စိတ်ချမ်းသာကိုယ်ချမ်းသာဖြစ်ကြပါစေဟု ဆုတောင်း
ရင်း .............
                          မိတ်ဆွေသူငယ်ချင်းများကို  ခင်မင်လေးစားစွာဖြင့်......
                                                                                          မောင်နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက်။   ။ရောဂါပျောက်ကင်းသောအခါ အသားရောင်မှာ မူလပင်ကိုအသားကောင်းအရောင်အတိုင်း
                 ပြန်လည်ကောင်းမွန်ခြင်းဖြစ်ပါသည်။

No comments:

Post a Comment