ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Wednesday, April 10, 2013

ညီမလေးကိုချစ်တယ်

ညီမလေး
ပူးနွေးလှတဲ့နွေရာသီရောက်ရင်
လွမ်းနေမိတယ် .......
ခုဆိုရင်လေ ကိုကိုရင်မှာ
တောက်လောင်နေတဲ့ အချစ်အပူမီးက
နွေရာသီပူပြင်းမှု အပူရှိန်ထက်
ဆယ်ဆမက ပူလောင်နေတယ်ညီမလေးရယ်.....
ညီမလေး....
နွေရာသီကုန်ပျောက်
မိုးရာသီတောင်ရောက်လာခဲ့ပြီနှော်
ကိုကိုရင်ထဲမှာတော့ ညီမလေးရေ
မိုးရေတွေဘယ်လောက်စိုစွတ်နေပါစေ
ကိုကိုနှလုံးသား အပူမီးတွေ
ဘယ်လိုငြိမ်းသတ်နိုင်မှာလည်း

ညီမလေးရယ်.
ညီမလေး.....
မိုးရာသီကုန်သွားပြီး
ဆောင်းရာသီတောင်ရောက်လာခဲ့ပြီနှော်
ကိုကိုရင်မှာပူလောင်နေတဲ့
အပူမီးကတော့ ချစ်ညီမလေးရေ
အေးစက်လှတဲ့ ဆောင်းရာသီမှာတောင်
မအေးချမ်းနိုင်လောက်အောင်
ပူလောင်နေခဲ့တယ်ညီမလေးရယ်........
ညီမလေးရေ.......
ရာသီတွေ အလီလီပြောင်းသွားခဲ့ပေမဲ့
ကိုကိုညီမလေးအပေါ်ထားရှိတဲ့
အချစ်တွေကတော့
ဘယ်တော့မှပြောင်းလဲမသွာနိုင်ဘူး
ညီမလေးရယ်......
ဘာလို့လည်းဆိုတော့
ညီမလေးကို အရမ်းချစ်တယ်...

လမင်းမောင်(ပုသိမ်)

No comments:

Post a Comment