ထမင်းစားရင်း၊ငါးဟင်းစားရင်း လည်ပင်းထဲမှာအရိုးမျက်အရိုးစူးခဲ့ရင်
ကြက်ဥအစိမ်းတစ်လုံးကိုစက္ကန့် (၃၀)ခန့်ရေနွေးပူပူလေးနဲ့စိမ်ပြီး ၊ရေနွေးစိမ်ထားတဲ့ကြက်
ဥကိုဖန်ခွက်ထဲဖေါက်ထည့်ကာ၊ တစ်ခါတည်းကုန်အောင်မော့သောက်လိုက်ပါ၊အံ့သြစရာ
ကောင်းအောင်အရိုးစူးတာအရိုးမျက်တာချက်ချင်းသက်သာပျောက်ကင်းသွားပါလိမ့်မယ်။
အကယ်၍များ သည်နည်းလမ်းလေးနဲ့မရခဲ့ဘူး(သို့မဟုတ်)အရိုးစူးတာ
အရိုးမျက်တာ လည်ပင်းထဲမှာ မျက်ပြီးစူးနေတာ ရက်ကြာနေရင်လဲ မစိုးရိမ်ပါနဲ့ ( ပရဆေး)
ဆိုင်တွေမှာဝယ်လို့ရတဲ့ ကျောက်ချဉ်အခဲ နည်းနည်းဝယ်ပြီး ကျောက်ပျဉ်မှာသွေးကာ၊ သွေး
ထားတဲ့ကျောက်ချဉ်ကို လက်ညှိုးလေးနဲ့ယူပြီး လျှာလေးနဲ့ လျှက်ဆားလျှက်သလိုလျှက်
ပေးလိုက်လျင် မျက်နေစူးနေတဲ့အရိုးဟာ နူးအိပြီးအရည်ပျော်ကျသွားပါလိမ့်မယ်၊ အရိုးစူး
တဲ့နေရာက အနာဖြစ်ခဲ့လျင်လဲ ကျောက်ချဉ်ရဲ့သတ္တိကြောင့်ပျောက်ကင်းချမ်းသာသွားပါ
လိမ့်မယ်။လိုအပ်ရင် ကျောက်ချဉ်သွေးပြီး တစ်နေ့(၃)ခါလောက်လုပ်လိုက်ပါလုံးဝကောင်း
သွားပါလိမ့်မယ်။ကျောက်ချဉ်ကိုလျှာမှာလျှက်ထားပြီးလျင် တံတွေးထွေးမပစ်ပဲ မျိုချပါသို့မှ
သာကျောက်ချဉ်အရည် လည်ပင်းထဲကိုစီးဆင်းသွားပြီး အရိုးစူးသောနေရာသို့သွားရောက်
ထိတွေ့မှာဖြစ်ပါတယ်၊ရေသောက်ချင်လျင်နည်းနည်းချင်းသောက်ပေးပါ။ မိတ်ဆွေသူငယ်
ချင်းများ အရိုးစူးအရိုးမျက်သော သောကမှကင်းဝေးနိုင်ကြပါစေ။
နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက်။ ။ရေနွေးစိမ်လိုက်သောကြက်ဥ တအားပူနေလျင် အေးအောင်စောင့်ပြီးမှ
သောက်ပါ။ပူပူကြီးမသောက်ရပါ။
No comments:
Post a Comment