ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Wednesday, April 10, 2013

ပျော်ပါရဲ့လားမောင့်ချစ်သူ

                                                  အမုန်းမပါတဲ့ အချစ်တခု
ငါပိုင်ဆိုင်ချင်ရဲ့
ဒါပေမဲ့ နောက်ဆုံးတော့
သူပြစ်ထွက်ခွါ အမုန်းနဲ့သာ
ငါ့ရင်ကိုထိုးနှက်
အဆုံးသတ်ခဲ့တယ် ထင်ပါရဲ့......
အလွမ်းမပါတဲ့ အချစ်တခု
ငါပိုင်ဆိုင်ချင်ရဲ့
ဒါပေမဲ့ နောက်ဆုံးတော့
သူပြစ်ထွက်ခွါ တမ်းတခြင်းအလွမ်းနဲ့သာ
ငါ့ရင်ကိုထိုးနှက်
အဆုံးသတ်ခဲ့တယ်ထင်ပါရဲ့....
နာကျင်မှု မပါတဲ့အချစ်တစ်ခု
ငါပိုင်ဆိုင်ချင်ရဲ့

ဒါပေမဲ့ နောက်ဆုံးတော့
သူပြစ်ထွက်ခွါ ကြင်နာခြင်းအစား
နာကျင်ခြင်းနဲ့သာ
ငါရင်ကိုထိုးနှက်
အဆုံးသတ်ခဲ့တယ်ထင်ပါရဲ့.....
ချစ်သူ...
လမ်းရဲ့ တဖက် ဟိုဘက်ကမ်းမှာ
အလွမ်းမဲ့တဲ့ အပြုံးတွေနဲ့
တခြားသူ ရင်ခွင်မှာ မင်းတကယ်ပျော်ပါရဲ့လား ကွယ်။             ။

     လမင်းမောင်(ပုသိမ်)

No comments:

Post a Comment