မောင်ဘယ်လောက်ပဲချစ်ချစ်၊
မောင်ချစ်တာကိုသိပေမယ့်၊
မေ မယုံရဲဘူး မောင်။
မောင်.....
မောင်ဘယ်လောက်ပဲပြောပြော၊
မောင်ပြောတာတွေကြားချင်ပေမယ့်၊
မေ မယုံရဲဘူး မောင်။
မောင်...
မောင်ဘယ်လောက်ပဲကြင်နာကြင်နာ၊
မောင်ကြင်နာမူ့ကိုခံယူချင်ပေမယ့်၊
မေ မယုံရဲဘူး မောင်။
မောင်...
မောင်ဘယ်လောက်ပဲသက်သေပြပြ၊
မောင်ချစ်သက်သေပြတာကိုကြည့်ချင်ပေမယ့်၊
မေ မယုံရဲဘူး မောင်။
မောင်.....
.........................၊
တော်ပါတော့မေရယ်၊
မေ မယုံရဲတဲ့ဘ၀မှာ၊
မောင် မနေရဲတော့ပါဘူး၊
လမ်းခွဲတာမဟုတ်ပေမယ့်၊
လမ်းလွဲကာပဲ မောင်နေခဲ့ပါ့မယ်၊
သံသယ ဆူး တွေနဲ့ ယစ်မူး ကာပျော်ပါတော့လေ၊
မောင်ချစ်ရတဲ့ မေ။ ။
မောင်နေထွန်းလှိုင်(ပုသိမ်)
ကဗျာလေးကိုခံစားရေးဖွဲ့မိပါသည်။
No comments:
Post a Comment