ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

ထူးထူးခြားခြားဆန့်ကျင်ဘက်ရောဂါ(၂)မျိုးပျောက်သောဓါတ်စာ(၁)

                     မှတ်မှတ်ရရ  ၂၀၁၂ ခုနှစ်(၆)လပိုင်း ၁၀ရက်နေ့  တွင်  လူငယ်သမားတော်လေးနှင့်အတူ
ကျွန်တော် မောင်နေထွန်းလှိုင်သည် ပုသိမ်မြို့မှ  လူချမ်းသာစာရင်းဝင် အိမ်တစ်အိမ်သို့ လိုက်ပါသွားခဲ့ပါသည်။
ထိုအိမ်တွင် အဘိုးကြီးအဘွားကြီး နှစ်ဦးတည်းသာနေထိုင်ပြီး ၊ အဖေါ်အဖြစ် အိမ်ဖေါ်ကောင်မလေးတစ်ယောက်
သာခေါ်ထားသည်ကိုတွေ့ရသည်။ ထိုအိမ်မှ အဘိုးကြီးသည် ဆေးပညာများကို အလွန်နှံစပ်ကျွမ်းကျင်သူဖြစ်လေ
သည်။ ကျွန်တော်နှင့်လူငယ်သမားတော်မှာ ရောက်ရောက်ခြင်းအဘိုးကြီး၏ ဆေးပညာစကားများကို ထိုင်နား
ထောင်ရလေသည်။ တိုင်းရင်းဆေးပညာ၏ စကားများဖြစ်သော ဥဏှ သီတ ၊ ပထ၀ီ+အာပေါ၊တေဇော+၀ါယော
စသောအကြောင်းရာများကိုလဲ ဓါတ်ခွဲခြင်းဟုဆိုကာ  လူငယ်သမားတော်နှင့် အဘိုးကြီးမှာ အပြန်အလှန်
ပြောဆိုကြလေသည်။ကျွန်တော်က ဗဟုသုတလိုချင်သူဖြစ်သောကြောင့်သူတို့နှစ်ဦးစကားများကိုစာအုပ်တစ်


 အုပ်နှင့်ရေးမှတ်လေသည်။
                   အတန်ကြာအောင်စကားပြောပြီးသောအခါ  အဘိုးကြီးသည်
ှုလူငယ်သမားတော် ကိုကျေနပ်သွားပုံနှင့်  သူတွင်ဖြစ်နေသောရောဂါနှင့်  သူ၏ဇနီးတွင်ဖြစ်နေသောရောဂါတို့
ကိုအပ်လေသည်။ရောဂါကိုအပ်ရာတွင် ထူးဆန်းနေသည့်အချက်က  ဆေးဝါးတို့ကိုမသုံးဆောင်လိုပဲဓါတ်စာသာ
စားချင်ကြောင်း အဘိုးကြီးက လူငယ်သမားတော်ကိုပြောလေသည်။ ကျွန်တော်မှာ  ဆေးဆရာတစ်ပိုင်းဖြစ်နေ
သောအဘိုးကြီးစကားကြောင့် လူငယ်သမားတော် ကိုအားနာစိတ်နဲ့လှမ်းကြည့်မိသည်။ လူငယ်သမားတော်သည်
အပြုံးမပျက်ပဲ  ကောင်းပါပြီအဘိုး  အဘိုးစိတ်တိုင်းကျ ဖြစ်စေရပါမယ် အဘိုးရောဂါနှင့် အဘွားရောဂါကိုသာစမ်း
သပ်ခွင့်ပြုပါ ဆိုပြီး ခွင့်တောင်းစမ်းသပ်လေသည်။ 
                    အဘိုးကြီးရောဂါမှာ  ၀မ်းချုပ်သောရောဂါဖြစ်ပြီး၊ အဘွားကြီးရောဂါမှာ  ၀မ်းပျက်သောရောဂါဖြစ်
ပါသည်။ ဆန့်ကျင်ဘက်ရောဂါနှစ်မျိုးပဲ ဟု ကျွန်တော်စိတ်တွင် တွေးလိုက်မိသည်။ လူငယ်သမားတော်သည်စမ်း
သပ်မှု့များ ပြုလုပ်ပြီးသောအခါ  ကောင်းပါပြီ အဘိုးရောဂါနှင့်အဘွားရောဂါကိုသိရပြီဆိုတော့  ဓါတ်စာရေးပေး
ပါ့မယ်၊  ဓါတ်စာက  တခြားမဟုတ်ပါဘူး၊  ကန်စွန်းဥ ကို နှစ်ဦးစလုံး ပြုတ်ပြီး နေ့တိုင်း(၁၀) ရက်ပြည့်အောင်စား
ပါ။ကြိုက်သလောက်စားနိုင်ပါတယ်လို့ လူငယ်သမားတော်ကဆိုသောအခါ  အဘိုးကြီးက  ကြည့်လဲလုပ်ပါအုံး
ဆေးဆရာလေးရယ်  ကျုပ်နဲ့အဘွားကြီးက  ဆန့်ကျင်ဘက်ရောဂါနော်  ၊ကျုပ်က ၀မ်းချုပ်တယ် အဖွားကြီးက
ဝမ်းသက်ဝမ်းသွားတာနော် ဟု သံသယ စကားပြန်ပြောလေသည်။
                    ထိုအခါ လူငယ်သမားတော်လေးက ဟုတ်ပါတယ်အဘိုးရောဂါမတူပေမယ့်ဓါတ်စာကတူပါတယ်၊
နည်းနည်းစားပုံစားနည်းလေးကွာပါတယ်၊  ဘယ်လိုစားရမလဲဆိုရင် ဓါတ်ချုပ် ၀မ်းချုပ်တဲ့အဘိုးကကန်ဇွန်းဥပြုတ်
ကို  ဆီ၊ဆားနဲ့ တို့စားရမှာဖြစ်ပြီး၊ ၀မ်းသက်တဲ့အဘွားကတော့ ကန်ဇွန်းဥပြုတ်ကို ဒီအတိုင်းစားရမှာဖြစ်ပါတယ်၊
အဘိုးနဲ့အဘွားစားကြည့်ပါ၊ စိတ်ကျေနပ်မှု့ရပါစေမယ်၊ အကောင်းဆုံး ဓါတ်စာဖြစ်ပါတယ်လို့ပြောဆိုရှင်းပြပြီး
ကျွန်တော်နှင့်လူငယ်သမားတော်  ထိုအိမ်မှပြန်ခဲ့ပါတယ်၊ အဘိုးကြီးကတော့ စိတ်ကျေနပ်ပုံမရပဲ အီလည်လည်
နှင့်ကျန်ခဲ့ပါတယ်။
                  (၁၅)ရက်ခန့်ကြာသောအခါ  ပုသိမ်မြို့ ရွှေမုဋ္ဌော ဘုရားပေါ်တွင်  အဘိုးကြီးနှင့်အဘွားကြီး ဘုရား
လာဖူးနေသည်ကိုတွေ့ရလေသည်။ ကျွန်တော်လဲ ကန်ဇွန်းဥပြုတ် ဓါတ်စာ ကိုစိတ်ဝင်စားတာနဲ့  အဘိုးကြီး
အဘွားကြီးအနား သွားပြီး  လူငယ်သမားတော်ပေးသောဓါတ်စာ အဆင်ပြေလားဟုမေးလိုက်ရာ့ အဘိုးကြီးက
အောက်ပါအတိုင်း  ကျွန်တော်အားပြောပြလေသည်။
                  အဘိုးတော့ လူငယ်သမားတော်ကိုလေးစားသွားပြီကွာ ၊ အင်မတန် တော်တဲ့ဆေးဆရာလေးလို့
ပြောရမှာပဲ ၊သူပေးတဲ့ ကန်ဇွန်းဥပြုတ်ဓါတ်စာက  ငါ့ရောဂါနှင့်အဘွားကြီးရောဂါ  လုံးဝပျောက်ကင်းသွားတယ်
ကွာ၊အဲဒီနည်းလေး မင်းလဲမှတ်ထားကွ  ဟုပြောသွားလေသည်။ ကဲ  မိတ်ဆွေသူငယ်ချင်းအပေါင်းတို့ရေ.....
ထူးထူးခြားခြား ဆန့်ကျင်ဘက် ရောဂါ(၂)မျိုးကို ပျောက်သောဓါတ်စာ(၁)မျိုးပါ ၊ဗဟုသုတ အဖြစ်မှတ်သားပြီး
ဝမ်းချုပ်သူနှင့် ၀မ်းပျက်သူများကို ကူညီရအောင်ဗျာ......
                                               ခင်မင်လေးစားစွာဖြင့်..
                                                                                       မောင်နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက်။      ။လူငယ်သမားတော်သည်  နိုင်ငံတော်မှ တိုင်းရင်းဆေးဆရာ  တဆ  လက်မှတ်ရထားသူဖြစ်
ပါသည်။(၀မ်းပျက်ခြင်း၊၀မ်းသက်ခြင်းသည်အတူတူဖြစ်ပါသည်။)

No comments:

Post a Comment