ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

*****လရောင်အောက်မှာလမ်းလျှောက်ရအောင်*****

သူငယ်ချင်းများကို လသာ
သော ညမှာ လရောင်
အောက်မှာလမ်းလျှောက်
ရအောင် ဖိတ်ခေါ်ပါတယ်။
လရောင်အောက်မှာ မှ
လမ်းလျှောက်ရအောင်
ဘာဖြစ်လို့ဖိတ်ခေါ်ရပါသ
လဲဆိုရင်  လရောင်ကပေး
စွမ်းတဲ့ စွမ်းအားတွေကို
ရရှိစေချင်လို့ပါ၊လရောင်က
ဘာတွေပေးစွမ်းပါသလဲဆိုပါရင်  လမင်းကြီးမှာတဲ့   တရုပ်တိုင်းရင်းဆေးပညာအရ  ယန်စွမ်းအင်နှင့် ယင်စွမ်း
အင် (၂)မျိုးရှိတဲ့ အထဲမှာ  ယင်လို့ခေါ်တဲ့ ယင်စွမ်းအင်ကိန်းအောင်းပါတယ်တဲ့၊ ယင် စွမ်းအင်ဆိုတာ အေးဆေး


ငြိမ်သက်မှု့သဘော (စိတ်ကိုအေးချမ်းပျော်ရွှင်စေတဲ့) သဘောဖြစ်ပါတယ်၊ မြန်မာ့တိုင်းရင်းဆေးပညာ မှာတော့
ဥဏှစွမ်းအင် နဲ့ သီတ စွမ်းအင် (၂)မျိုးရှိတဲ့ အထဲမှာမှ  လမင်းကြီးမှာ သီတ စွမ်းအင်ကိန်းအောင်းပါတယ်တဲ့၊
သီတ စွမ်းအင်ဆိုတာ အေးမြသောသဘော နဲ့  ပထ၀ီ၊ အာပေါ ဓါတ်ကို ပံ့ပိုးစွမ်းဆောင်ပေးပါတယ်၊အဲဒါကြောင့်
လရောင်အောက်ကိုရောက်တဲ့အခါ လူရဲ့စိတ်ကိုအေးချမ်းစေပြီး၊ စိတ်ကိုပျော်ရွှင်မြူးထူးစေပါတယ်တဲ့၊တစ်နေတာ
လုံးပင်ပန်းသမျှတွေဟာလဲ လန်းဆန်းသွားစေပါတယ်၊ ဆိုလိုချင်တာက  နံနက်စောစောနေရောင်ခြည်ဟာလူ
သားတွေကို ကျန်းမာရေးအတွက်အကျိုးပြုသလို၊ လပြည့်ညနှင့် လပြည့်ကျော်တစ်ရက်၊ နှစ်ရက် ညရဲ့လရောင်
ခြည်ဟာလဲ  လူသားတို့ကို ကျန်းမာရေးအတွက်အကျိုးပြုပါတယ်တဲ့၊တရုပ်တိုင်းရင်းဆးပညာ ယင်စွမ်းအင်နှင့်
မြန်မာ့တိုင်းရင်းဆေးပညာ သီတစွမ်းအင်တွေ ဟာ  လူရဲ့ကိုယ်တွင်းအပူနာရောဂါများပျောက်ကင်းအောင်
အများဆုံးအကူညီပေးနိုင်ပါတယ်၊ နှလုံး သားရဲ့ စိတ်ခံစားမှု့ ကိုလဲ အေးချမ်းပြီးပျော်ရွှင်စေပါတယ်၊ဒါကြောင့်လ
ရောင်အောက်ရောက်ရင်ကလေးတွေဟာ မကစားပဲ မနေနိုင်ပါဘူး၊ ညအခါ ၊လသာသာ၊ကစားမလား ၊နားမလား
ဆိုတဲ့  ငယ်ငယ်တုန်းက သင်ခဲ့ရတဲ့ စာပုဒ်လေးဟာ  တကယ်တော့ မြန်မာ့ဆေးပညာတစ်ခု ကိုရှေးလူကြီးများ
ကပညာသားပါပါသင်ကြားပေးသွားတာပါ၊ လရောင်ရဲ့အကျိုးကျေးဇူးကိုခံစားရရှိစေချင်လို့လဲဖြစ်မှာပါ၊ကစားမ
လားဆိုတာ ကလေးတွေကိုရည်ညွှန်းပြီး၊ နားမလားဆိုတာ လူကြီးတွေကိုများလရောင်အောက်မှာ အပန်းဖြေ
ဖို့ရည်ညွှန်းသလားလို့  စာရေးသူ တွေးမိပါတယ်၊လရောင်ရဲ့ ထူးခြားတဲ့စွမ်းအင်တွေဟာ လူသားတွေအကျိုးအ
တွက်  ကျန်းမာရေးအတွက် တကယ်ကောင်းတယ်ဆိုတာကိုသိရှိစေလိုသောစေတနာနဲ့တင်ပြလိုက်တာပါ။
ဖူးစာရှင်လေးမှမိတ်ဆွေသူငယ်ချင်းများကို သာယာသောလရောင်အောက်မှာ သောကကင်းကင်းနဲ့လမ်းလျှောက်
နိုင်အောင်  စာရေးသူ မှ ဖိတ်ခေါ်လိုက်ပါတယ်ဗျာ.......
      လရောင်အောက်မှာလမ်းလျှောက်ရင်း  ကျန်းမာရေးအထောက်အကူရ၍ လရောင်၏စွမ်းအားကြောင့်
စိတ်နှလုံးသားများအေးချမ်းပျော်ရွှင်ပါစေလို့ဆုတောင်းရင်း....
                                                                                 မောင်နေထွန်းလှိုင်(ပုသိမ်)

No comments:

Post a Comment