ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Thursday, April 11, 2013

ယဉ်ကျေးကြပါ ဒို့ မြန်မာ

အော်.........ခုခေတ် သား သမီးတွေ တယ်လည်းခက်ကြပါလား ....
လူကြီးကိုလူကြီးမှန်းမသိ....ဆရာကိုဆရာမှန်းမသိ ဖြစ်နေလိုက်ကြတာ အော်တွေးကြည်ရင် ရင်နာဖို့ကောင်းလှပါတယ်
ဘာလို့လည်းဆိုတော့ ကျွန်တော်တို့ငယ်စဉ်ကဆို မိဘတွေ ဆရာတွေများလာလိုက်ရင် မြင်ကတည်းက ချစ်ကြောက်
ရိုသေ နေခဲ့တယ်လေ...... ကြည့်လိုက်စမ်းပါ ခုခေတ်တချို့ ကလေးတွေများ မိဘက တစ်ခွန်းပြောရင် သူတို့က နှစ်ခွန်းပြန်ပြောလိုက်နဲ့
ဆရာတွေ များလာလိုက်ရင်စကြနောက်ကြ အောင်မာ.... မြင်လိုက်ရရင် ဆရာတွေက သူတို့သူငယ်ချင်းတွေလိုလို
ဒါကတော့ထားပါ ခွင်လွှတ်နိုင်ပါသေးတယ်.... တခါတလေးများကြားဘူးပါတယ်
ဘယ်ကျောင်းသားကအေး......ဆရာမကိုစာပေးလို့တဲ့ ..ခက်တာက ခုခေတ်တချို့ ကလေးတွေက
ဆရာမကိုတောင် မိန်းမလုပ်ချင်နေကြပါလား...... တော်တော်လည်းတတ်နိုင်ကြပါရဲ့နှော်.....
ကျွန်တော်တို့ခေတ်တုန်းက သံဃာ တွေများ တွေလိုက်ရင်...ခြေသုတ်ပုဆိုး.....့ကဲ့သို့ ရိုသေလိုက်ရတာ
ခုခေတ်တချို့ ကလေးတွေများ ဘယ်နှယ့် သံဃာတွေရှေ့ခေါင်းငုံ့ရမှန်းမသိ ဖြစ်နေကြတာလေ ရိုသေဖို့ဆိုတာဝေလာဝေးပေါ့ ..
ကုန်ကုန်ပြောရရင်.... သံဃာတွေနဲ့တောင် စကားမပြောတတ်ကြဘူးလေ
အော်ပြောရဦးမယ်ဗျ.........မိန်းကလေးတွေအကြောင်း တော်တော်လေးဆိုးပါတယ်ဗျာ
ကျွန်တော် ဘုန်းကြီးကျောင်းကို ဆွမ်းကပ်သွားတော့ အဲ့ကျောင်းကကိုရင်လေးနှစ်ပါးပြောနေတာကြားလိုက်ရတာလေ
ကိုရင်လေးတွေ ပြောနေတာက “
ပုသိမ်လမ်းမကြီး ကိုရင်လေးတွေဆွမ်းခံ ကြွနေတုန်း
ကောင်မလေးနှစ်ယောက်ကလမ်းလျှောက်အလာ ကိုရင်လေးဘေးနား ဖြစ်အသွားမှာတော့
ကောင်မလေးတွေ ပြောလိုက်တာက
“ဟဲ့ .....ဘေးမှာကြည့်ပါဦးဟဲ့ သူတို့များ အပေါ်အနီရောင် အောက်အနီရောင် ၀မ်းဆက်ဝတ်ပြီးတော့ သွေးကြီးနေလိုက်တာများ
ဒို့ကိုတောင်မခေါ် ဘူး ကြည့်ပါဦးဟဲ့..... နောက်တယောက်ကလည်း ဟုတ်တယ်နှော်......
ကဲကောင်းကြသေးရဲ့လားဗျာ.....ဘယ်လိုတောင်နားလည်ရမလည်း မသိတော့ပါဘူးဗျ.....
အဲ့တော့....ဘယ်လိုလည်းဆိုတော့ ယဉ်ကျေးကြပါ ဒို့မြန်မာပေါ့......
ဒီပို့စ်လေးကတော့ ကျွန်တော်အမှန်တကယ် ကြားခဲ့ရတာပါဗျာ.....တကယ်လို့ လွန်တာရှိလည်း တောင်းပန်ပါ၏ပေါ့...


လေးစားလျှက်     လမင်းမောင်ပုသိမ်

No comments:

Post a Comment