ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Thursday, April 11, 2013

အော်....ချစ်သူရယ်

အော် ..........ချစ်ရတဲ့သူ 
မင်းရဲ့အချစ်ကိုရလိုက်တဲ့အချိန်မှာ
နုသစ်ပျိုပျစ်တဲ့ အချစ်အဖူးအငုံလေးတွေနဲ့ဆိုတော့
ရင်ထဲမှာ ပျော်ရွှင်မှုတွေ ပေါင်းစုလို့ပေါ့....
အော် .............ချစ်ရတဲ့သူ
မင်းရဲ့ မျက်နှာလေး ညှိုးနွမ်းနေတဲ့အချိန်မှာ
ငါရင်တွင် ပလောင်ဆူ စိုးရိမ်မှုတွေနဲ့ဆိုတော့
ရင်ထဲမှာ အပူမီးတွေတောက်လောင်လို့ပေါ့
အော် ................ချစ်ရတဲ့သူ
မင်းရဲ့ စိတ်တွေ မသာယာတဲ့အချိန်မှာ
ငါစိတ်တွေ ချာချာလည် တွေးတော့စရာတွေနဲ့ဆိုတော့
ရင်ထဲမှာ သောကမီးတွေတောက်လောင်လို့ပေါ့
အော်............ချစ်ရတဲ့သူ
မင်း အပေါ်မှာ ငါအားလုံး နားလည်မှုတွေ ပေးခဲ့တယ် ဆိုတော့
ငါအပေါ် အရာရာကို အနိုင်ယူသွားခဲ့တယ်ပေါ့
အော် .....ချစ်ရတဲ့သူ
မင်းဘယ်လိုဘဲ ငါ့အပေါ် အနိုင်ယူခဲ့ပါစေ
ခွင်လွှတ်စွာနဲ့ ဆက်ချစ်နေခဲ့ပေမဲ့
တနေ့မှာတော့ မင်းကရက်စက်ထားခဲ့မယ်ဆိုတာ
သိနေခဲ့တယ်.....ချစ်သူရယ်
              

                                                                               လေးစားလျှက် လမင်းမောင် (ပုသိမ်)

No comments:

Post a Comment