ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Thursday, April 11, 2013

ဒင်းတို့ တောင်ငါ့အကြောင်းသိနေပါလား..

တစ်ခါကခူးချောင်းကျေးရွာကလေးကအဖြစ်အပျက်ကလေးပါ။ ရွာထိပ်က မစံပယ်အပျိုကြီးနှင့် ရွာလယ်ပိုင်းက ကိုသိန်းလှ မုဆိုးဖိုသူတို့နှစ်ယောက်ရဲ့ ချစ်ဇာတ်လမ်းဇာတ်လမ်းလေးပါ။ ဒီလိုဘဲ သူတို့နှစ်ယောက်က အားရင်အားသလို ချိန်တွေ့နေကြတာပေါ့ဗျာ ကိုသိန်းလှမှာက ကလေး (၅)ယောက်တောင်ရှိတယ်ဗျ။ ကလေးတွေကလည်း ရိပ်မိနေတာပေါ့....ကိုသိန်းလှကလည်း မစံပယ်များ အိမ်ကိုလာလိုက်ရင် ကလေးတွေအားလုံးကို မုန့်ဖိုးပေးပြီး မုန့်ဝယ်စားခိုင်းတော့တာပါဘဲ...ကြလာတော့လည်း ကလေးတွေကရိပ်မိ ကုန်တာပေါ့။ဒိလိုနဲ့ မစံပယ်ကြီးက အိမ်လည်လာပါရော....ကိာသိန်းလှအား ကလေးတွေကအလိုက်သိစွာ ဖေဖေမုန်းဖိုးပေးတော့မလို့လား ဟိဟိညီလေးရေ သွားရအောင်ဟေ့ ....ဖေဖေတို့ကိုမနှောက်ယှက်နဲ့ဟေ့....ကြည့်ပါဦးပြောပုံက...ဟိဟိ..ဟုတ်လည်းဟုတ်နေတာကို
အဲ့လိုနဲ့အချိန်တွေကြာလာတော့ မစံပယ်လာရင်ကလေးတွေကသွားလိုက်ရနဲ့ ကိုသိန်းလှလည်းအကြံအိုက်လာပါရော...ဘာခိုင်းရမှန်မသိ အဲ့တော့ သုံးလေးရက်နားအေးပြီးရောဆိုပြီးတော့ သူအဘွားတွေဆီကိုပို့လိုက်မယ်ပေါ့....ဆိုပြီး ရထားဘူတာအရောက်လိုက်ပို့ပေးခဲ့တယ် ကိုသိန်းလှကတော့ပျော်နေတာပေါ့ အရှုပ်ထုတ်တွေလည်းကင်း...ဒါမှသူနဲ့ မစံပယ် လွတ်လွတ်လပ်လပ်တွေ့ ရမှာကို...ကိုသိန်းလှနဲ့ မစံပ ယ်တို့ တွေ့ တာကလေးတွေက (၁၀)မီးနစ်လောက်ရှိဦးမယ်..ပြန်ရောက်လာပြီးမသိအောင်ချောင်းနေတယ်လေ...ကိုသိန်းလှ ကတော့ဘယ်သိမလည်း....ပျော်နေတာပေါ့.....အဲ့အချိန်မှာကိုသိန်းလှက မစံပယ်ရဲ့ ဆံပင်လေးကိုကိုင်ပြီး ဒါလေးကဘာလေးလည်း မစံပယ်ကလည်း ကိုကိုသိန်းနဲ့ စံပယ်တို့ရဲ့ သံယောဇဉ်အမျှင်လေးတွေ့ ပေါ့ ဟုဖြေလိုက်ပြီး...ကိုသိန်းလှကလည်း တဖန်ပါးလေးကိုကိုင်ကာ မေးလိုက်ပြန်သည်။ မစံပယ်ကလည်း ယုယမှုလေးတွေနဲ့ ကိုကိုသိန်းရဲ့ နှာခေါင်းနားတော်မူရာကျောက်ဇျာ တဲ့လေ ကလေးတွေလည်းသူတို့ကိုကြည့်ပြီးတော့ရယ်ချင်တာပေါ့.....ဒီတစ်ခါ ကိုသိန်းလှက နှုတ်ခမ်းလေးကိုင်ပြီးမေးလိုက်သောအခါ မစံပယ်ကလည်း ကိုကိုသိန်း ပါးလေးကိုအာဘွားပေးမဲ့ နှင်းဆီဖူးလေးပါ ပြန်ဖြေလိုက်ချိန်မှာဘဲ ကလေးတွေကပြေးဝင်လာပြီး....ကိုသိန်းလှ ကဟာ.....သေနာကောင်တွေ ဘာလို့ပြန်ရောက်လာတာလည်းဟ ဘာကျန်ခဲ့လို့လည်း....ထိုအခါ ကလေးတွေဖြေလိုက်ပုံမှာ....မဟုတ်ဘူး ဖေကြီးရ....ရထားကြီးက သံယောဇဉ်ကြိုးတွေရစ် ပတ်ကာ  ကျောက်ဖျာပေါ်မှာ ဘီးချော်နေပြီး  နှင်းဆီခင်းထဲရောက်သွားလို့ပါဗျ.......ထိုအခါ ကိုသိန်းလှက အန်.....ဒင်းတို့တောင်ငါ့အကြောင်းသိနေတော့ပါလားကွ......ကလေးတွေကလည်း.ညီလေးတို့ရေပြေးဟ တော်ကြာနှင်းဆီခင်းထဲရောက်နေဦးမယ်ဟေ...............
ဟား..ဟား......ဟား..............ဟား.........
  ရယ်မောချင်းဖြင့် အသက်ရှည်ကြပါစေ
                                                          အားလုံးကိုလေးစားလျှက်    လမင်းမောင် (ပုသိမ်)

No comments:

Post a Comment