ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Thursday, April 11, 2013

နောက်ဆုံးရင်ခွင်.....

နှစ်ယောက်အတူ ချစ်ခဲ့ပြီးမှ
မင်းလေးရက်စက်စွန်ခွာခဲ့တာ
အချိန်ရက်လ နှစ်တွေကြာညောင်း
ရာသီတွေလည်း ပြောင်းကုန်ပြီပေါ့
ချစ်သူ..............
မင်းလေးခုဆိုဘယ်ရောက်နေပြီလည်း
အချိန်လတွေပြောင်းပေမဲ့လည်း
မင်းအပေါ်ချစ်တဲ့ ငါရဲ့ အချစ်တွေက...
မမြဲတမ်း လတ်ဆတ်နေဆဲပါ
ချစ်သူ.........
မင်းကရက်စက် စွန်ခွါခဲ့လည်း
အပြစ်မမြင်ခဲ့မိတာငါ့ရဲ့အားနည်းချက်ပေါ့
မင်းဘဲ အားနည်းချက်တွေကို အနိုင်ယူခဲ့ပြီး
ငါ့ရဲ့ နွေးထွေးတဲ့ရင်ခွင်ထဲကနေ
တခြားရင်ခွင်ဆီ ပြေးထွက်ခဲ့တယ်နှော်
မင်းပျော်ဖို့ဆို ငါရဲ့နှလုံးသား အရည်ပျော်သွားတောင်
မင်းအတွက် စတေးရဲပါတယ်
ချစ်သူ........
မင်းဘယ်ရင်ခွင်ဆီမှာခိုနားနေပါစေ
အပြစ်မယူဘဲ ခွင်လွှတ်စွာနဲ့
ဆက်လက်ချစ်နေဆဲပါ
နောက်ဆုံးတော့......
မင်းရဲ့ပျံသန်းမှုတွေ ရပ်တန်ပြီး
မင်းအတောင်ပံကျိုးတဲ့တနေ့
ရောက်တဲ့အရပ် ဆီကနေ
မင်းရဲ့ ပထမချစ်သူ ရင်ခွင်ဟောင်းဆီ
အရောက်သာ ကျိုးသောတောင်ပံ တစ်စုံနဲ့
အားကုန်စိုက်ကာ ပျံသန်ပြီး အရောက်သာလှမ်းခဲ့ပါ
ချစ်သူ......
နွေးထွေးစွာနဲ့ မင်းအတွက်ဆိုရင်
ငါ့ရင်ခွင်တံခါး အမြဲတမ်းဖွင့်လှစ်ပြီးသာပါ....
ငါဘ၀မှာ မင်းကလွဲလို့
ကျန်တာတွေမလိုအပ်တာအမှန်ပါ
မင်းပြန်ရောက်လာရင်
သူမတူတဲ့အချစ်တွေနဲ့ ငါချစ်နေမှာပါ............
ချစ်သူ ငါရဲ့ဘ၀ကို
မင်းကိုပထမဆုံးမပေးဆပ်ရရင်တောင်
နောက်ဆုံးအနေနဲ့တော့ ပေးဆပ်ခွင့်ပြုပါ
ဘာလို့လည်းဆိုတော့ ငါဘ၀ဟာမင်းရဲ့
နောက်ဆုံးရင်ခွင် မို့လို့ပါ ...ချစ်သူ

                                                                         လမင်းမောင်(ပုသိမ်)

No comments:

Post a Comment