ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

ချောင်းခြောက်လို့ခေါ်သောအပူချောင်းများဆိုးခဲ့ရင်......

                 မိတ်ဆွေသူငယ်ချင်းတို့ရေ.....
လူတိုင်းချောင်းဆိုးဘူးကျပါတယ်၊ပုံစံအမျိုးမျိုးနဲ့ပေါ့၊ အခုပြောပြချင်တဲ့အကြောင်းက ချောင်း
ဆိုးခြင်းအမျိုးမျိုးထဲကမှ အပူချောင်းလို့ခေါ်တဲ့ချောင်းခြောက်များဆိုခဲ့ရင်အလွယ်ကူဆုံးကုသ
ဖြေရှင်းနိုင်တဲ့အကြောင်းလေးပြောပြချင်လို့ပါ၊အပူချောင်းဆိုတာက  ကိုယ်လဲမပူဘူး၊ဒါပေမယ့်
လည်ချောင်းခဏခဏယားပြီးချောင်းဆိုးတယ်၊ချောင်းဆိုးတိုင်းလဲ သလိပ်မထွက်ဘူး၊တစ်ချို့ဆို
ရင် လည်ချောင်းကွဲပြီးသွေးပါတတ်တယ်၊တစ်ချို့ က  အော့အန်အောင်ချောင်းဆိုးရတယ်၊အပူ
ချောင်းဆိုးရင် သလိပ်မရပဲသလိပ်ခြောက်ဆိုးရတဲ့အတွက် ပင်ပန်းတယ်၊ အနံ့တစ်ခုခုရတာနဲ့
လည်ချောင်းယားပြီးချက်ချင်းချောင်းဆိုးတယ်၊ ရင်ဘတ်တွေနာတယ်၊  ရင်ခေါင်းအောင့်တယ်အထိဖြစ်တတ်ပါတယ်၊အဲဒါတွေကသူရဲ့ရောဂါလက္ခဏာတွေပေါ့၊
အဲသလိုချောင်းများဆိုးခဲ့ရင်  ဘာဆေးသောက်သောက်ပျောက်ခဲပါတယ်၊ ပူတဲစပ်တဲ့ဆေး
များသောက်မိရင်ပိုဆိုးတတ်ပါတယ်၊ တစ်ချို့ဆိုရင်အိပ်ရာထဲလှဲရင်ချောင်းဆိုးတယ်၊ထိုင်နေ
ရင်သက်သာတယ်၊ ဒါကိုအပူချောင်းလို့ခေါ်ပါတယ်၊ အဲဒီအပူချောင်းကိုအကောင်းဆုံးနဲ့အမြန်
ဆုံးပျောက်ကင်းချင်ရင်၊    ပထမဆုံးလုပ်ရမှာက  ပူစပ်သောပူခါးသောအစားအစာများကို
ရှောင်ပါ၊  ကြက်သား၊အမဲသား၊ဆိတ်သား၊လက်ဘက်ချဉ်စပ်၊ဂျင်းသုပ်စသောအစားအစာများ


ငရုပ်သီးပါသောအစားအစာများရှောင်ပါ၊ကြောင်လျှာသီးလိုအစားအစာများရှောင်ပါ၊ငရုပ်
ကောင်းပါသောအစားအစာများရှောင်ရပါမယ်၊အပူချောင်းဆိုးရင်ထူးခြားချက်ကတော့  ရင်မကြပ်တတ်ပါဘူး၊ချောင်းအကြာကြီးတအားဆိုးမှသလိပ်နည်းနည်းပဲထွက်တတ်ပါတယ်၊
ရှောင်ဘို့တွေသိလို့  ရှောင်လိုက်ရင်ပဲ  ချောင်းခြောက်ဆိုးတဲ့ရောဂါတစ်ဝက်သက်သာသွား
ပါတယ်၊လုံးဝပျောက်ကင်းသွားအောင်အောက်ပါဓါတ်စာများကိုဆက်လက်စားသုံးပါ၊
 စားသုံးရမည့်ဓါတ်စာများ....
 (၁)လက်ဘက်ရည်ချို ချိုစိမ့်စိမ့်သောက်ပါ
 (၂)နာနတ်ပေါင်း၊နာနတ်သီးကိုသကြားနဲ့ချိုချိုစားပါ(နာနတ်ယိုမစားရပါ)
 (၃)အုန်းသီးမပါသော ကျောက်ကြောမုန့်  လုပ်စားပါ၊ဂျယ်လီ ..စားပါ
 (၄)သစ်သီးစုံရေခဲမုန့်(သို့)ချိုစိမ့်သောရေခဲမုန့်စားပါ
 (၅)နာနတ်ဖျော်ရည်နဲ့လုပ်ထားသောရေခဲချောင်းစားပါ
 (၆)ရေခဲသုပ်စားပါ၊ရေခဲပေါက်စီစားပါ
 (၇) သခွါးသီးကို သကြားနဲ့တို့စားပါ
 (၈)ပန်းသစ်တော်သီးကိုသကြားနဲ့တို့စားပါ
      ဖော်ပြပါအချက်များထဲမှ  ကြိုက်နှစ်သက်ရာသုံးလေးမျိုးကိုစားသုံးလိုက်မယ်၊(၃)ရက်
လောက်စားလိုက်မယ်ဆိုရင်  ချောင်းခြောက်ဆိုးခြင်းလုံးဝပျောက်ကင်းသက်သာသွားပါ
လိမ့်မယ်၊ပထမရက်စစားကတည်းက သိသိသာသာသက်သာသွားတာပါ၊အမြန်ဆုံးသက်သာ
တဲ့ ကိုယ်တွေ့ကတော့  ရေခဲမုန့်ချိုချို  စားသုံးခြင်းပါပဲ၊ထူးထူးခြားခြားထပ်ရှောင်ရတဲ့အစာ
တွေကတော့ အုန်းသီး၊ဒူးရင်းသီး၊ပိန္နဲသီး ၊ခရမ်းချဉ်သီး၊စပျစ်သီး  စသောအသီးအနှံများနှင့်
ပုဇွန်ဖြစ်ပါတယ်၊ပုဇွန်ဟာလည်ချောင်းတအားယားပြီးချောင်းဆိုးတတ်လို့ပါ၊ကဲမိတ်ဆွေ..
သူငယ်ချင်းများ အပူချောင်းဆိုး၍ စိတ်ညစ်ရသော သောကများမှကင်းဝေးပါစေ...
                                                               နေထွန်းလှိုင်(ပုသိမ်)
မှတ်ချက်။       ။ငါးနဲ့အသီးအနှံများကို  အချိုချက်စားပါ၊အစပ်အကြော်လုပ်မစားရပါ၊
                     (၃)ရက်စားသုံးပြီး၊ချောင်းဆိုးပျောက်လျင်ပုံမှန်ပြန်လည်စားသောက်
                    နိုင်ပါသည်။

No comments:

Post a Comment