ရှင့်ကိုမုန်းတယ်၊တစ်သက်လုံး...တဲ့
မျက်လုံးအိမ်မှာ..မျက်ရည်မ၀ဲ ၊
လမ်းခွဲစဉ်မှာ.စာတမ်းစွဲ ၊ နင်ပဲပြောရက်ခဲ့တယ်။ ။
လက်ပြတော့လဲ..နင်..ဟန်မပျက်၊
ကျောခိုင်းတော့လဲ.နင်..ပြုံးမပျက်၊နုတ်ခမ်းပါးကစကားသွက်
နောက်ဆုံးနုတ်ဆက်ခဲ့ပါသတဲ့။ ။
ခံစားမှု့မဲ့တဲ့အချစ်အတုအယောင်တွေနဲ့၊
နှစ်ပေါင်းကြာအောင်နင်ထွက်သွားပြီးမှ၊ဒဏ်ရာများနဲ့ထားခဲ့တဲ့ငါ့ကို....၊
မနေ့တစ်နေ့က.....၊
လမ်းချိုးအကွေ့ ပြန်အတွေ့မှာ၊
အံ့အားသင့်စရာ၊အကြင်နာမျက်ဝန်းချစ်ရည်သွန်းပြီး...၊
လွန်းတယ် ..လွမ်းတယ်...မောင်ရယ်..သိပ်သတိရသိပ်ချစ်တယ်တဲ့။ ။
ချစ်သူရဲ့စကား....၊
ငါကပဲ...နားကြားမှားတာလား၊
နင်ကပဲ...စကားပြောမှားတာလားကွယ်။ ။
နေထွန်းလှိုင်(ပုသိမ်)
No comments:
Post a Comment