ကဲမိတ်ဆွေသူငယ်ချင်းတို့ရေ ဒီကနေ့တော့ အပိုင်း(၂)အနေနဲ့ သဘာ၀၀ာရားက
အစိမ်းရောင်ဆိုးပေးထားတဲ့၊ အစိမ်းရောင်အသီးအနှံတွေ အကြောင်းဆက်လက်ဖော်ပြပေး.....
လိုက်ပါတယ်၊ အစိမ်းရောင်သစ်သီးတွေအနှံတွေအရွက်တွေမှာလည်း အနီရောင်သစ်သီးတွေ
အနှံတွေ အရွက်တွေလိုပဲ သူတို့မှာကိုယ်ပိုင် အစွမ်းသတ္တိတွေရှိကြပါတယ်၊ဘယ်လိုအစွမ်း.....
သတ္တိတွေရှိလဲဆိုတာကို အစိမ်းရောင်သစ်သီးအနှံအရွက်တွေဖြစ်တဲ့ ဆလပ်ရွက်၊ကိုက်လန်၊
ဟင်းနုနွယ်၊မုန့်ညှင်းအမျိုးမျိုး၊ အစိမ်းရောင်ပန်းသီး၊ ထောပတ်သီး၊ရုံးပတီသီး၊ သခွားသီး၊........
ကြောင်လျှာသီး၊ကညွတ်၊ကိဝီသီး(kiwi)၊အစိမ်းရောင်ပဲအမျိုးမျိုးတို့ကိုလေ့လာကြည့်တဲ့အခါ
မှာ (indoles) လို့ခေါ်တဲ့ ဒြပ်ပေါင်းပါဝင်တာကိုတွေ့ရပါတယ်၊ Indoles လို့ခေါ်တဲ့ဒြပ်
ပေါင်းဟာ Cruciferous vegetable မျိုးရင်းတွေဖြစ်တဲ့ ပန်းမုန်လာ အစိမ်းအပွင့်၊
မုန်ညှင်းစိမ်း၊ ဂေါ်ဖီထုပ်၊ ခါကျက်ဥ - စသည့် ဟင်းသီးဟင်းရွက်ထဲမှာ အများဆုံးပါဝင်ပြီး၊
Indoles ဆိုတဲ့ဒြပ်ပေါင်းဟာ ဘယ်လိုအစွမ်းသတ္တိတွေ ရှိလဲဆိုရင် ၄င်းက ရင်သား
ကင်ဆာဖြစ်ပွားမှု့နဲ့ ဆီးကြိတ်ကင်ဆာ ဖြစ်ပွားမှု့တွေကို တားဆီးပေးပါတယ်တဲ့၊ ဒီလိုဆိုရင်
သဘာဝတရားက ဘာကြောင့်အသီးအနှံအရွက်တွေမှာ ကိုယ်ပိုင်အရောင်ဆိုးပေးထားသလဲ
ဆိုတာသဘောပေါက်ပါပြီနော်၊ ကျန်ရှိနေသေးတဲ့အရောင်တွေအကြောင်းလဲ ဗဟုသုတ....
ရအောင် ဆက်လက်ဖော်ပြပေးသွားပါမယ်။
အနီရောင်သစ်သီးနှင့်အစိမ်းရောင်သစ်သီးများစားသုံးရင်းကျန်းမာမှု့ကိုရရှိကြပါစေ၊
နေထွန်းလှိုင်(ပုသိမ်)
ဝန်ခံချက်။ ။ တိုင်းရင်းဆေးတက္ကသိုလ်၊မန္တလေး၊ နှစ်လည်မဂ္ဂဇင်း၊(၂၀၁၀)ခုနှစ်၊စာမျက်
နှာ(၇၅)မှ ဒေါ်မျိုးသီတာအေး(သုတေသန)ရေးသားသော အရောင်(၅)မျိုး
ဓာတ်တိုးဆန့်ကျင်အာနိသင် ကျန်းမာရေးဆောင်းပါးမှ ကောက်နုတ်ဖော်
ခြင်းဖြစ်ပါသည်။
No comments:
Post a Comment