ကပ်စေးနှဲသော သူဌေးကြီးတစ်ယောက် သွားဆရာဝန်ဆေးခန်းသို့ ရောက်လာပြီး
သွားဆရာဝန်အား ခပ်တည်တည်နှင့်ကြည့်ကာ -
“ အံသွားတစ်ချောင်းနုတ်ရင် ဘယ်လောက်ပေးရမလဲ ဆရာ ”
သွားဆရာဝန် -
“ လုံးဝမနာကျင်တဲ့ အကောင်းစားဆေးထိုးနုတ်ရင် ၁၀၀၀၀ ကျပ် ကျမယ် ”
ကပ်စေးနှဲသောသူဌေး -
“ မများလွန်းဘူးလား ဆရာ ”
သွားဆရာဝန် -
“ ဒါဆို ရိုးရိုးထုံဆေး နဲ့ပဲ နုတ် ၃၀၀၀ ကျပ်ပဲကျမယ် ”
ကပ်စေးနှဲသောသူဌေး -
“ ဒါလည်း များသေးတယ်ဆရာ။ ဒီထက်ဈေးသက်သာမယ့် နည်းလေးရှိသေးလား ”
ထိုအခါ သွားဆရာဝန်က စိတ်တိုလာသဖြင့် -
“ ဒါဆို အစိမ်းနုတ်မလား ၅၀၀ ကျပ် ပဲကျမယ်၊ အခုကုတင်ပေါ်တက် ”
ကပ်စေးနှဲသောသူဌေး -
“ ကြိုက်သွားပြီဆရာရေ မနက်ဖြန် သွားနုတ်မယ့် ကျွန်တော်မိန်းမကိုခေါ်ခဲ့မယ် ”
သွားဆရာဝန် -
“ ဟိုက်.. သူပဲနုတ်တော့မလိုနဲ့.. ကောင်းကွာ ” ဟူသတည်း။
မောင်နေထွန်းလှိုင်(ပုသိမ်)
ဖတ်ခဲ့ဘူးသေား(ဟာသ)လေးအားပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
No comments:
Post a Comment