ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

*****..... သံပုရာသီးလဲစားပါ၊ သတိလဲထားပါ .....*****


သံပုရာသီးလဲစားပါ ၊ သတိလဲထားပါဆိုသော သတိပေးချက်လေးကို ဖူးစာရှင်လေးမှ
မိတ်ဆွေသူငယ်ချင်းများကိုသိစေချင်တဲ့စေတနာနဲ့တင်ပြလိုက်ပါတယ်၊
သံပုရာသီးမှာဗီတာမင်စီ များပြားစွာ ပါဝင်ပြီး လူသားတွေအတွက်
အကျိုးကျေးဇူးများစွာ ရှိတယ်ဆိုတာ အနောက်တိုင်းဆေးပညာများ
ရဲ့ အကျိုးကျေးဇူးကြောင့် လူတိုင်းသိပြီးဖြစ်ပါတယ်။
               လူတိုင်းမသိနိုင်သေးတဲ့ သံပုရာသီးရဲ့ လျိုဝှက်ချက်လေးကို မြန်မာ့တိုင်းရင်းဆေးပညာအမြင်နဲ့
ဗဟုသုတ အဖြစ်ပြောပြသွားမှာဖြစ်ပါတယ်၊ သံပုရာသီး ဟာ အချဉ်ဓါတ်ရှိပါတယ်၊ မြန်မာ့တိုင်းရင်းဆေးပညာ
မှာ သံပုရာသီးဟာ (သီတ အာကာသ စွမ်းအင်)ရှိသောဓါတ်ဖြစ်ပါတယ်၊ သီတ ဆိုတာ   အေးမြသောဓါတ်
ဖြစ်ပြီး၊ အာကာသ ဆိုတာ (အပေါက်အပွင့်)အခိုးချွေးထွက်သောဓါတ် ကိုခေါ်ဆိုပါတယ်၊ မြန်မာတိုင်းရင်း
ဆေးပညာမှာ (ဥဏှစွမ်းအင်)လို့ခေါ်သောအပူခိုးမှာ (အာပေါဓါတ်)(ပိတ်ဆို့သောဓါတ်)ဖြစ်လျင် (ဥဏှအာပေါ)
ဓါတ်ဖြစ်လျင် (သီတ အာကာသဓါတ်)ဖြစ်သောသံပုရာသီးကိုကျွေးပြီး ဓါတ်စာအဖြစ်ပေးပြီးကုသကြပါတယ်။


               ထိုကဲ့သို့  အနောက်တိုင်းဆေးပညာမှာပဲဖြစ်ဖြစ် ၊မြန်မာ့တိုင်းရင်းဆေးပညာမှာပဲဖြစ်ဖြစ် တန်ဖိုး
ထားရသော သံပုရာသီး ဓါတ်စာသည်သတိမထားပဲသုံးစွဲမိလျင်တခါတရံ ကောင်းကျိုးထက် ဆိုးကျိုးကိုအားသန်
သွားတတ်ပါသည်။  သံပုရာသီး သည် ဘယ်အချိန်များမှာ ဆိုးကျိုးပေးပါသလဲဆိုရင်  သွေးပေါင်ကျသွေးအား
နည်းနေသောအချိန်တွင် သံပုရာသီးကိုစားမိလျင် သံပုရာရည်သောက်မိလျင် သွေးပေါင်ထပ်ပြီးပြုတ်ကျကာ
မူးမေ့သွားတတ်ပါသည်။ အစာအိမ်အချဉ်ပေါက်သောအခါတွင်လည်း သံပုရာသီးကိုစားမိမည်၊သံပုရာရည်ကို
သောက်မိမည်ဆိုလျင်  အစာအိမ်မှ အချဉ်ဓါတ်များ တအားထွက်လာ၍ အန်သည့်အထိဖြစ်တတ်ပါတယ်။
               အထူးသဖြင့် ၀ိတ်ချလိုသော ၀သောသူများသည် သံပုရာရည် ကိုစွဲစွဲမြဲမြဲသောက်ပါသည်။အစား
လဲရှောင်ပါသည်။ ၀ိတ်ကျသွားပါသည်။ပိန်သွားပါသည်။ သို့သော် အချို့သော သူတို့သည် သံပုရာရည်ကို
သောက် သံပုရာသီးကိုစား  အစားကိုထိန်းစားသော်လဲ  ပိန်မသွားပဲ တဖြည်းဖြည်း ၀လာတတ်ပါသည်။ထို့ပြင်
နံနက်အိပ်ရာထရာတွင်လဲ  ခြေထောက်များနင်းမကောင်းအောင်နာကျင်လာခြင်း ၊လက်များအကွေးအဆန့်
မကောင်းခြင်း၊ လက်ခြောင်းကလေးများဖေါင်းတင်းနေခြင်း ဖြစ်လာပြီဆိုလျင် သံပုရာသီးစားခြင်းသံပုရာရည်
သောက်ခြင်းကိုချက်ခြင်း ရပ်တန့်လိုက်ပါ၊ အဘယ်ကြောင့်ထိုသို့ဖြစ်ပါသနည်းဆိုလျင် ဖြစ်သူ၏ ကိုယ်ထဲတွင်
(A.S.O) လို့ခေါ်သော လေးဘက်နာပိုးများရောက်ရှိနေ၍ ဖြစ်ပါသည်။ ဓါတ်ခွဲခန်းတွင်သွေးစစ်ကြည့်လျင်
ချက်ချင်း အဖြေပေါ်၍ (A.S.0) တက်နေသည်ကိုတွေ့ရပါမည်။  ဖေါ်ပြပါအချက်တို့အား သတိမထားပဲ
ဝလာသည် ၀လို့နာလာသည်ဟု ယူဆ၍ ဆက်လက် သံပုရာသီးစား၊ သံပုရာရည်သောက်ပါလျင် သွေးထဲ
လေးဘက်နာပိုးများ များလာသောကြောင့် နှလုံးမှာ ဒဏ်မခံနိုင်ပဲ၊ အနည်းငယ်လှုပ်ရှားလိုက်သည်နှင့် နှလုံး
မောခြင်း၊ နှလုံးအောင့်ခြင်းများဖြစ်ပေါ်လာတတ်ပါတယ်။
                  ထို့ကြောင့် ဖူးစာရှင်လေးမှ မိတ်ဆွေသူငယ်ချင်းများအားလုံး သံပုရာသီးရဲ့ အကျိုးအပြစ်ကို
နားလည်သွားရင်၊ သံပုရာသီးလဲစား၊သတိလဲထားပါဆိုသော ဘလော့လေးအား  ဗဟုသုတအဖြစ်စေတနာ
ရှေ့ထားတင်ပြလိုက်ပါတယ်။
                  မိတ်ဆွေသူငယ်ချင်းများအားလုံးအားခင်မင်လေးစားစွာဖြင့်....
                                                                                   မောင်နေထွန်းလှိုင်(ပုသိမ်)

No comments:

Post a Comment