ညီမလေးအတွက်


♪♫♪♫♪♫ညီမလေးရယ် ဘယ်တော့မှမခွဲခွါဘဲ ထာဝရအတူတူ ချစ်နေကြမယ်နှော်♪♫♪♫♪♫

Sunday, May 5, 2013

အရေးပေါ်အပူလောင်ခဲ့လျင်(ရေနွေး၊ဆီပူ၊မီးပူ၊သံရည်ပူစသော..)

မိတ်ဆွေသူငယ်ချင်းတို့ရေ အရေးပေါ်အပူလောင်ခဲ့
ရင်(ဘာကြောင့်ပဲအပူလောင်လောင်)ချက်ချင်း
ရှားစောင်းလက်ပတ်ကိုသတိရပါ၊ရှားစောင်းလက်
ပတ်အတွင်းသားဂျယ်လီဟာအပူလောင်ခြင်းကိုနိုင်
နင်းသောအစွမ်းရှိလို့ပါ၊ပျက်စီးသွားသောအရည်ပြား
များကိုလည်းချက်ချင်းပြန်ကောင်းအောင်ဆောင်ရွက်နိုင်လို့ပါ၊တစ်ခုတော့ရှိတယ်၊အပူလောင်
လောင်ခြင်း  ၊ချက်ခြင်းအသုံးပြုမှ  အပူလောင်ဒဏ်ရာမှာအနာရွတ်မထင်ခြင်း၊အဖုမပေါက်


ခြင်းဆိုတဲ့အကျိုးကျေးဇူးကိုခံစားရရှိမှာပါ၊အပူလောင်၍အသုံးပြုလိုက်လျင်လည်းချက်ခြင်း
အပူရှိန်လျော့ကျသွား၍အပူလောင်ခြင်းကိုသက်သာစေပါတယ်၊အသုံးပြုပုံပြုနည်းကတော့
ရှားစောင်းလက်ပတ်အပင်က ရှားစောင်းလက်ပတ်အလက်တစ်လက်ကိုခူးပြီး အတွင်းဂျယ်
လီသားကိုဓါးသန့်သန့်နဲ့လှီးယူပါ၊ပြီးလျင် အပူလောင်တဲ့နေရာများနှင့်အပူလောင်ထားသော
ပတ်ဝန်းကျင်ကိုပါ ဂျယ်လီသားနဲ့ဆေးလိမ်းသလိုလိုက်ပွတ်ပေးပါ၊ဂျယ်လီသားနဲ့ထိလိုက်တာ
နဲ့အေးမြသောအထိအတွေ့ကိုစတင်ခံစားရပါတယ်၊နေရာအနှံလိုက်ပွတ်ပြီးရင် ရှားစောင်း
လက်ပတ်ဂျယ်လီသားကိုထပ်ခူးထပ်လှီးပြီး  အပူလောင်တဲ့နေရာများမှာအုံထားပါ၊အပူရှိန်
ပြင်းလျင် ဂျယ်လီသားတွေဟာ အရည်ပျော်လာပြီး အရည်နွေးနွေးများစီးဆင်းလာပါလိမ့်မယ်
ဂျယ်လီမှအရည်ပူပူနွေးနွေးများစီးဆင်းနေပါသေးလျင်၊ ရှားစောင်းလက်ပတ်အပင်မှဂျယ်လီ
သားများထပ်ခူးထပ်လှီးပြီး  အသစ်အေးမြသောဂျယ်လီသားများအုံပေးပါ၊အပူရှိန်လုံးဝသက်
သာသွားပြီဆိုလျင်  ဂျယ်လီသားများပူနွေးမှု့မရှိတော့ပဲ ပင်ကိုယ်အတိုင်းအေးမြနေပါလိမ့်
မယ်၊ဂျယ်လီသားများ ခွါလိုက်လို့ အပူလောင်သောနေရာမှပူရှိန်ရှိန်ပြန်ခံစားလာရလျင် ချက်
ခြင်း ဂျယ်လီအသစ်များထပ်အုံပါ၊(အပူရှိန်ပြင်းလွန်းလျင်ဖြစ်တတ်ပါသည်၊ဥပမာ ဆီပူ၊မီးပူ
လောင်ခြင်းများ)တွင်ဖြစ်တတ်ပါသည်။ထိုကဲ့သို့ ရှားစောင်းလက်ပတ်ကို အပူလောင်ချိန်မှာ
စနစ်တကျအသုံးပြုတတ်လျင် အဖုမပေါက်၊အနာရွက်မထင်၊အပူလောင်ဒဏ်ရာမဖြစ်ပဲ၊
နောက်တစ်နေ့မှာ  အပူလောင်သောနေရာသည်ပကတိ အသားကောင်းအတိုင်းရှိနေပါသည်
ကို ကိုယ်တွေ့ တွေ့ကြုံဘူးသဖြင့်တင်ပြလိုက်ရပါသည်။တစ်ခုသတိထားရမှာကရှားစောင်း
လက်ပတ်အခွံကိုလုံးဝအသုံးမပြုရခြင်းပါ၊ အခွံတွင်အဆိပ်တစ်မျိုးရှိသောကြောင့်ဖြစ်ပါသည်။
အတွင်းဂျယ်လီသားများသာအသုံြး့ပုရမှာဖြစ်ပါသည်။ကလေး၊လူကြီးအသုံးပြုနိုင်သည်။

                                            မောင်နေထွန်းလှိုင်(ပုသိမ်)

No comments:

Post a Comment