“ အဘိုး. . . ကျန်းမာရေးကို ဘယ်လိုဂရုစိုက်ခဲ့လို့ အခုလို အသက်ရှည်ကျန်းမာတာလဲ ခင်ဗျာ”
“ အာဟာရကို မျှတအောင်စားတယ်ကွဲ့၊ စိတ်ရှည်သည်းခံတယ်၊ နေ့စဉ် ကျန်းမာရေးလေ့ကျင့်
ခန်းတွေ မှန်မှန် လုပ်ခဲ့တယ်၊ ပြီးတော့ . . . ပြီးတော့ . . . ”
ထိုစဉ် . . .
အနားမှ အဘွားက ကောက်ကာ ငင်ကာဖြင့် - - -
“ အဘိုးကြီးနော် . . . သူငယ်ပြန်ပြီး တွေ့ကရာလျှောက်ပြောမနေနဲ့ . . . ကျုပ်နားရှက်တယ် ”
ထိုအခါ အဘိုးက သတင်းထောက်ကို ပြုံးပြုံးကြီးနှင့် ကြည့်ကာ - - -
“ အဲသလို ချစ်စရာကောင်းတဲ့ မိန်းမကောင်းကိုရတာလည်းပါတယ် ပြောမလို့ပါ ” တဲ့။
မောင်နေထွန်းလှိုင်(ပုသိမ်)
ဖတ်ခဲ့ဘူးသော(ဟာသ)လေးကိုပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
No comments:
Post a Comment